မိုးမခကို ပေးတဲ့စာ

မေချို – အမေ့ အိမ်ပြန်ချိန်

မေချို – အမေ့ အိမ်ပြန်ချိန်
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၆

ကဝိအို ရဲ့ အိမ်ပြန် ချိန် ဆောင်းပါးနှင့် အတူ မြန်မာပြည် ပြန်လာဖို့ ကြိုးစား ရာမှာ အမေရိကန် နိုင်ငံရှိ မြန်မာ သံရုံးမှာ ခံဝန်လက်မှတ် ထိုးခိုင်းတဲ့ ယခင် အစိုးရဟောင်းရဲ့ မူဝါဒ အဟောင်း လက်ကျန်တွေ ကြောင့် ကဝအိုရဲ့ အိမ်ပြန်ချိန် ဟာ အခက်အခဲတွေနဲ့ အတူ ကြန့်ကြာနေဆဲပါ ။

အာ ဇာနည်မျိုး သေရိုးမရှိ ကျဆုံးလေသော အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးမှာ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကိုအရင်း ဦးဘဝင်းတို့ ညီအကို ၂ ဦး အတူပါဝင်ခဲ့ပါတယ်။

ဒေါက်တာစိန်ဝင်းဟာ အာဇာနည်ပုဂ္ဂိုလ်ကြီး ဦးဘဝင်းရဲ့ သားဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူအရင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို တစ်ဝမ်းကွဲဖြစ်ပြီး နိုင်ငံရေးအရ အမေစုအတွက် အားကိုးအားထား အထောက်အပံ့ ဖြစ်ခဲ့တဲ့ တချိန်က ပြည်ပရောက် ညွှန့်ပေါင်းအစိုးရ ရဲ့ ဝန်ကြီးချုပ် လဲဖြစ်ခဲ့ဖူးပါတယ်။

အခုချိန် ဟာ ဒီမိုကရေစီ အရပ်သား အစိုးသစ် လက်ထပ် ပြည်သူလူထု က ရွေးချယ်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အစိုးရ တရပ် ဖြစ်နေပြီမို့ ပြည်ပ ရောက် နေတဲ့ နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာ ရှိစွာ ပြည်တော် ပြန်ဝင်သင့်ချိန် ကို ရောက်နေပါပြီ

ဂုဏ် သိက္ခာရှိစွာ ပြည်တော်ပြန်ဝင်ဖို့ အတွက်လဲ အာဇာနည် မျိုးရိုး ဆိုတဲ့ မာန် တွေနဲ့ သံရုံးက အစိုးရဟောင်းရဲ့ လက်ကျန် မူအဟောင်းတွေ နဲ့ နိုင်ငံရေး မလုပ်ပါဘူး ဆိုတဲ့ ခံဝန် လက်မှတ် ကို မထိုးနိုင်သေးလို့ အိမ်ပြန်ချိန် တွေ နောက်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုကြီးပါ ။ ဒေါက်တာစိန်ဝင်းဇနီးမောင်နှံနည်းတူ နိုင်ငံရေးမလုပ်တော့ပါဘူး ခံဝန် လက်မှတ် မထိုးနိုင်လို့ အိမ်ပြန်ချိန် နောက်ကျနေတဲ့ နိုင်ငံရေးသမားတွေထဲမှာ မေချို ရဲ့ မိခင် နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်တင်တင်ညို လဲ ပါဝင်နေပါတယ်။

(မှတ်တမ်းဓာတ်ပုံ- မေချိုရဲ့ အကို ပေါ်ထွန်းဇော်နှင့် ယောင်းမလေး မူးပေါ်ရဲ့ အမေရိကန်နိုင်ငံ ဗားဂျီးနီးယားပြည်နယ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို သတိုးသမီး ၏ မိဘ နေရာမှနေ၍ ကြွရောက်ချီးမြှင့် အားပေးစဉ် အမှတ်တရ)

ဒေါ်တင်တင်ညို၏ စာမူကို သည်နေရာမှာ ဖတ်နိုင်ပါတယ်
http://moemaka.com/archives/52948


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts