Ni July ကဗျာ

နီဇူလိုင် – “၈၈၈၈”

နီဇူလိုင် – “၈၈၈၈”
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၆

ငါ့ကို
ပြတိုက်ထဲ အတင်းမထည့်ပါနဲ့..။
သွေးစွန်းလက်တွေကို
ဖယ်ပါ..။

ငါ့ကို
ပြတိုက်ထဲ အတင်းမထည့်ပါနဲ့..။
သွေးစွန်းလက်တွေနဲ့
ရင်ချင်း အတင်းအပ်
မွန်းကြပ်တယ်..။

ငါ…
ကိုယ်တိုင်က
သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ
ဟီးထနေတဲ့
ပြတိုက်ကြီးပါ..။

၈.၈.၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts