ခရီးသွား ဆောင်းပါး အောင်ထက်

မောင်အောင်ထက် ● မောင်အွမ်ဂူ (သို့မဟုတ်) ရာဇ၀င်ထဲက ပုန်းခိုရာ

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

မောင်အောင်ထက် ● မောင်အွမ်ဂူ (သို့မဟုတ်) ရာဇ၀င်ထဲက ပုန်းခိုရာ

(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

မောင်အွမ်ဂူ (Muang On Cave) ဆိုတာ ဒေသခံ ရှေးပုံပြင်တွေအရ ဂူရဲ့တည်ဆောက်ပုံအရဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဗမာနဲ့ တခြားသော စစ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုတွေရှိလာခဲ့တဲ့အချိန်မှာ ဒေသခံ ရွာသူ ရွာသားတွေအတွက် စားနပ်ရိက္ခာတွေထည့်သိုလှောင်ပြီး ပုန်းခိုရာနေရာတခုလို ဖြစ်နေခဲ့တာပါ။

သူရဲ့ တည်နေရာကတော့ ဇင်းမယ်မြို့ရဲ့ အရှေ့ဘက် ကီလို ၃၀ လောက်ဝေးတဲ့ ဆန်ကမ်ဖဲ့က်ခရိုင်ထဲမှာ ဖြစ်ပါတယ်။ 

 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ခုချိန်မှာ Tum Muang on လို့နာမည်တွင်နေပေမယ့်လည်း သူရဲ့ ပထမဦးဆုံးနာမည်ကတော့ Tum Doi Sila လို့ ခေါ်တွင် ကြောင်းလည်း ဂူရှေ့မှာ တွေ့ရတဲ့ မှတ်တမ်းတွေက ဆိုပြန်တယ်။

လှပတဲ့ ဒီ Muang on cave ဟာ လူတွေ ပြုပြင်ဖန်တီးထားတာမဟုတ်ပဲ … သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ဂူလည်း ဖြစ်ပါတယ်။ ခုချိန်ခါမှာ ဂူအတွင်းပိုင်းမြင်ရဖို့ လူတွေဖန်းတီးထားတဲ့ လျှပ်စစ်မီးတွေတော့ တွေ့ခဲ့ရပါတယ်။ 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ခုချိန်မှာတော့ သွားရောက်လည်ပတ်သူတွေလည်း ရှိနေပါပြီ။ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တာတွေလည်း တွေ့ရပါတယ်။ ဂူပတ်ဝန်းကျင်မှာ ပူဇော်ပသဖို့ ပန်းဆီးမီးရောင်းသူတွေရှိသလို၊ ရေနဲ့ တခြား အစားအစာရောင်းချသူတွေလည်း အနည်းအကျဉ်းတွေ့ရပါတယ်။  ဂူထဲကို ၀င်ဖို့ ၀င်ကြေးလက်မှတ် ၀ယ်ရပါတယ်။ 

 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအတွင်းပိုင်းကို ၀င်တဲ့အချိန်မှာ အဆင်းလမ်းကို ကွန်ကရစ်လှေကား လက်ရမ်းတွေနဲ့ သေသေချာချာလုပ်ထားပါတယ်။ အထဲမှာတော့ လျောင်းတော်မူနေတဲ့ ဘုရားတဆူနဲ့ … ထိုင်တော်မူနေတဲ့ ဘုရားတဆူကို တွေ့ရမှာပါ။ ဂူရဲ့ မျက်နှာပြင် ကျောက်သားတွေက ချော့မွေ့ပါတယ်။ 

 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအတွင်းပိုင်း လေ၀င်လေထွက်လည်း ကောင်းပါတယ်။ အမှိုက်သရိုက်လည်း ကင်းစင်တယ်။ အမှိုက်မရှိတော့ အနံ့အ သက်လည်း ကင်းတာပေါ့။ 

 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအကြောင်းကို လိုက်လံရှင်းပြနေတဲ့ ဒေသခံတချို့လည်းတွေ့ရပါတယ်။ ခက်တာက ကိုယ်တွေကလည်း သူတို့ဘာသာစကား  နားမလည် မပြောတတ်တော့ မေးဖို့က ခက်ပါတယ်။ 

 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဘာပဲပြောပြော ရာဇ၀င်ထဲက ပုန်းခိုရာနေရာဟာ ခုတော့ နိုင်ငံခြားသားတွေကို ဆွဲဆောင်တဲ့နေရာတခု ဖြစ်လို့နေပါပြီ။

သြဂတ်စ် ၆၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts