တိုးနှောင်မိုး – မျက်ကန်းမျိုးချစ်

Art – Than Htay Maung

တိုးနှောင်မိုး  – မျက်ကန်းမျိုးချစ်
(မိုးမခ) သြဂုတ် ၃၊ ၂၀၁၆

မုတိဆိတ်ပျားစွဲအမှန်တရားတခု
ပြီး တခုထက်ပိုသောအရာများအတွက်
ပိတ်ထားတဲ့တံခါးကိုသော့ခတ်
သော့တံကိုလွှင့်ပစ်တဲ့ဝါဒလား။

ခါချဉ်အုံတုတ်နဲ့ထိုးခဲ့
ရထားခေါင်းတွဲလိုရထားနောက်တွဲတွေလိုက်ပါခဲ့လား
အမှားဟာ လမ်းပေါ်မှာကျကွဲခဲ့တယ်
အသိခေါက်ခက်အဝင်နက်ခဲ့သလို
ဆက်သွယ်ရေးဧရိယာပြင်ပ
အမည်နာမများနဲ့မတူတဲ့အမည်းစက်များ
လှေနံဓားထစ်ခဲ့ပါသလားဆိုတော့။

သွေးဆောင်ပြင်ဆင်ပျော်ရွှင်လို့မရ
ဓားသွေးမိတဲ့နေ့ဟာ
ယခုခေတ်ကိုဧည့်ခံနေတဲ့နာကျင်ခြင်း
ရာစုနှစ်ပေါင်းမျညးစွာ ခုအဝေး
တေးတွေဟာ သာသာယာယာ ဖြစ်မလာတော့။

အလင်း ဟာကျိတ်မှောင်မိုက်မနေဘူးလို့ ထင်နေသလား
သူလိုကိုယ်လိုအမှားတခုထက်ပိုတဲ့
ငါတို့မလိုချင်တဲ့ငါတို့တတွေက
ပို၍ပါးနပ်သောစက်ရုပ်ဦးနှောက်ပျော့များ
ရေတံခွန်လိုပြောင်းပြန်မစီးတတ်တဲ့အကျင့်
သေချင်တဲ့ကျားတောမပြောင်းတဲ့အကျင့်
တရွာပြောင်းပေမဲ့သူကောင်းမဖြစ်နိုင်
သားရွှေဥမထမ်းနိုင်
မီးပုံထဲရွှေရောင်တောက်မှန်းသိပေမဲ့
ယုန်မင်းလိုစိတ်မဟုတ်ဘဲ ခုန်ချခဲ့ပါတယ်
ငါ့ရာစုငါပြန်မဖတ်ရတဲ့ကာလတခုအထိ
နောက်ဆုံး
ရန်မပြုနိုင်တဲ့မရိုးသားခြင်းများ
ရောက်မလာခင် …..။ ။

(ရွှဲရွှဲစိုနေသောအတွေးများလေးလံသောမှတ်စု)