ဓာတ်ပုံသတင်း

မန္တလေးမှာ တွေ့ရတဲ့ ကာတွန်းပြပွဲ

မန္တလေးမှာ တွေ့ရတဲ့ ကာတွန်းပြပွဲ
(မိုးမခ) ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၁၆
မန္တလေးမှာ “မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ” လို့ အမည်ပေးထားတဲ့ ကာတွန်းပြပွဲကို တနင်္ဂနွေနေ့က စတင် ပြုလုပ်နေပါပြီ။
သုံးရက်ကြာ ပြုလုပ်မယ့် ဒီပြပွဲကို ချမ်းမြသာစည်၊ မင်္ဂလာမန္တလေးမှာရှိတဲ့ သီရိ ပန်းချီအနုပညာပြခန်းနဲ့ ပြခန်းအပြင်ဘက် အနုပညာလမ်းမှာ ခင်းကျင်းထားပါတယ်။
ကာတွန်းဆရာ၊ ကာတွန်းချစ်သူ၊ ငြိမ်းချမ်းရေးချစ်သူ အများအပြား လာရောက်ကြတဲ့ ဒီပြပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အရာရှိကြီးများလည်း တက်ရောက်တာ တွေ့ရပါတယ်။

ပြပွဲကို ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ – မိုးမခ)

 

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts