ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ပြဇာတ်ကပြောတဲ့ စကား

  ဆောင်းယွန်းလ ● ပြဇာတ်ကပြောတဲ့ စကား
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆


ဟိုးရှေးခေတ်က ပြဇာတ်ရုံထဲမှာ
လူကြီးတွေက
နေရာကောင်းကို ဖျာခင်းရှာပြီး
ကလေးတွေက
ပျော်ရွှင်ခြင်းကို အဖော်အသင်းနဲ့ရှာတယ်…

ခေတ်အချိုးအကွေ့အတိုင်း
ရုံဝင်ခကြေးတွေလည်း ရွေ့ခဲ့တယ်….

ကလေးတွေ ပျော်ဖို့
အဖော်ရှာတဲ့ ပြဇာတ်ရုံထဲမှာ
လူကြီးတွေ ဖျာခင်းဖို့ နေရာရှာတုန်းပဲ….

ကိုယ်တိုင်မရွှေ့မချင်း
ဘယ်မှမရွေ့နိုင်တဲ့ ညကို
ပြဇာတ်ရုံထဲမှာ မိုးတလင်းရှာခဲ့ရတယ်…။

ဆောင်းယွန်းလ (ဇူလိုင် ၂၆၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts