ကဗျာ

မောင် သော် တာ – သွေးနဲ့ ရေးခဲ့တဲ့စာ



မောင် သော် တာ  – သွေးနဲ့ ရေးခဲ့တဲ့စာ 

(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆
သွေးနဲ့ / ရေးခဲ့တဲ့ စာနာကျင်မှုဟာနာကျည်းမှုထဲစီးဆင်း

ခံပြင်းစိတ်နဲ့ ကြေကွဲစိတ်ကလည်း ဆေးသားတရောင်ထဲ အသံထွက်နေဆဲ/အသက်ဝင်နေဆဲ/အတိတ်ဆောင်နေဆဲ

ငါတို့ရဲ့နှစ်ကိုယ်ခွဲဇာတ်ကောင်တွေအဖြစ် ဝိညာဉ်လာပူးနေသလို အဲဒီ့အချိန်ကယမ်းနံ့ကိုပုပ်အဲ့အဲ့ပြန်ရနေသလို အလောင်းကောင်တွေကစစ်ရိုက်ဖယ်သေနတ်တွေလက်မှာလွှတ်ချမထားသေးဘူး ငါတို့ရဲ့ရင်ဘတ်ကိုကိုက်ဖဲ့ချင်တဲ့မိစ္ဆာတွေရဲ့စစ်ဖိနပ်ဖိနင်းသံတွေ

သွေးဟာ စစ်ဖိနပ်အောက်ကလွတ်ထွက်ပြီး နံရံကိုပြေးကပ်သွားတယ် ကိန်းဂဏန်းနေ့စွဲတခုအဖြစ်အုတ်အင်္ဂတေထဲနစ်ဝင်သွားတယ် အုတ်သားနံရံမှာ ငါတို့ရဲ့ရင်ဘတ်အတွင်းသားထဲမှာ ဥဒါန်းမကြေရွတ်ဆိုမြည်တမ်းနေတယ်

မ မေ့ ကြ နဲ့

နောက်ဆုံးထွက်သက်ကိုတောင် အားတင်းဆွဲဆုပ်ထားရင်း သူပြောခဲ့တယ်

မမေ့ကြနဲ့

နံရံမှာ သူ့အသံနဲ့ သူ့သွေးစက်တွေဟာ

ကမ္ဘာမကြေတဲ့သမိုင်းကို ကဗ္ဗည်းရေးထိုးထားခဲ့သလိုပဲ။

 

မောင် သော် တာ
ခေတ်အဆက်ဆက်ကျောင်းသားအာဇာနည်များကို
ဦးညွှတ်လျက်
၇ ၇ ၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts