ကဗျာ

နီဇူလိုင် ● ဆူး

 နီဇူလိုင် ● ဆူး
(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၆

၇ ဇူလိုင်ဆိုတာ
အဖေတို့ရင်ထဲက ဆူး …။

၇၄ ရဲ့သမိုင်း
ဦးသန့် မှိုင်းရာပြည့်
ဦးလေးတို့ရင်ထဲက ဆူး …။

၈၈ – ၉၆
၂၀၀၇ – ၂၀၀၈
အရိုင်းခေတ်ရဲ့
သမိုင်းညစ်တဲ့ ဆူး …။

ငါတို့ရင်ထဲ
နစ်ဝင်နေဆဲ ဆူးတွေ …။

သားတို့ခေတ်မှာ
ဆူးကြားမှာ ဘူး မဖြစ်စေချင်
ထွင်ကို ထွင်ရမယ်
ဆူးပင်ထက်နေတဲ့ အနာဆွေး
ရဲဆေးတင်ပြီး ထွင်ကြစို့ …။

နီဇူလိုင်

 

ဂရပ်ဖစ်ဒီဇိုင်း ကိုမျိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts