ကဗျာ

ကမ်လူဝေး ● ရန်ကုန်

ကမ်လူဝေး ● ရန်ကုန်
(မိုးမခ) ဇွန် ၃၀၊ ၂၀၁၆

ရှုပ်ရှုပ်ယှက်ယှက် ထိုးထိုးထောင်ထောင်
အဆောက်အအုံတွေ ပွစာကျဲ
လူသွားလမ်းဟာ လမ်းမဟုတ်တော့
ဆိုင်ခန်းမျိုးစုံ ပြည့်ကျပ်ညှပ်
ကုန်းကျော်တံတား ခပ်စောင်းစောင်း တခုအလွန်
ရှေ့နောက်ဝဲယာ ကြည့်
ရောက်တဲ့နေရာကို သိအောင်ကြိုးစား
ပြီးတော့ ရှေ့ဆက်သွား
ရေစီးရေလာ မကောင်းလှတဲ့
ရေမြောင်းထဲက အမှိုက်စတခုလို
ကားစီးကားလာ မကောင်းတဲ့
လမ်းမပေါ်က ကားတစီးပေါ်
ပိတ်လှောင်မွန်းကြပ်
လမ်းဘေးမှာ စားတဲ့
ဘဲဥဟင်းနဲ့ ထမင်းကျော်က
ကိုယ့်အတွက် သီးသန့်ဈေး
စားပြီးတော့ ထွေးထုတ်မရ
တောင်းသမျှ ပေးခဲ့ရ
ခြိမ်းခြောက်တာလား
စည်းကမ်းကြပ်မတ်သလား
ကွန်ကရစ်တုံး တွေက
နေရာတကာ  ဟိုတစု ဒီတစု
ကတုတ်ကျင်းပျက်တွေလို
ဆယ်နှစ်ကြာ ဝေးကွာခဲ့တဲ့
မိတ်ဆွေဟောင်းတယောက်ရဲ့
အပြန်ခရီးကို
ခပ်စိမ်းစိမ်းနဲ့ ကြိုဆို
သူဟာ ရန်ကုန်။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts