ရေခြားမြေခြား မြန်မာများ နိုင်ငံတကာရေးရာ

ဘတ်ဖဲလိုး မြန်မာဝန်ဆောင်မှုအသင်းဦးဆောင်သူကို မြို့တော်ဝန်က ဂုဏ်ပြု

 

ဘတ်ဖဲလိုး မြန်မာဝန်ဆောင်မှုအသင်းဦးဆောင်သူကို မြို့တော်ဝန်က ဂုဏ်ပြု
(မိုးမခဓာတ်ပုံသတင်း) ဇွန် ၂၉၊ ၂၀၁၆

(လက်ခံရရှိသော သတင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်)


နိုင်ငံရပ်ခြားမှပြောင်းရွေ့အခြေချလာသူများ၏ ဘဝလုံခြုံရေးနှင့်ကောင်းမွန်စွာနေထိုင်နိုင်ရေးတို့အတွက် ဦးဆောင်ကူညီခဲ့ခြင်းကြောင့် BCS ဥက္ကဌ ဦးစတီဗင်စန်းယုနှင့် KSB ၊ BNCB တို့အား နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် ဂျွန်လ ၂၇ ရက်နေ့၌ မြို့တော်ဝန်မစ္စတာဘရိုင်ယန်ဘရောင်းမှ ဂုဏ်ပြုမှတ်တမ်း ပေးအပ်သည့်အပြင် နှစ်စဉ်ဂျွန်လကို ပြောင်းရွေ့အခြေချသူများ၏ Immigrant Heritage Month လအဖြစ်အသိအမှတ်ပြုကြေညာချက်ထုတ်ပြန်လိုက်ပါသည်။ ဂုဏ်ပြုပွဲအခမ်းအနားကို ဂုဏ်ပြုရဲတပ်ဖွဲ့ဖြင့်အလံသယ်ဆောင်အလေးပြုဖွင့်လှစ်ပြီး လက်ထောက်ရဲကော်မရှင်နာမင်းကြီးအပါအဝင် အစိုးရရှေ့နေချုပ်နှင့် ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

Burmese Community Services (NY, Buffalo) ၏ ၀က်ဆိုက်နှင့် ဖေ့စ်ဘွတ်မှာ

https://www.facebook.com/Burmese-Community-Services-713396075340105/

http://www.burmesecs.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts