ကဗျာ

ဒီလူည – လူရိုး

Menashe Kadishman’s installation, Shalekhet (Fallen Leaves), in the Jewish Museum Berlin. Photograph: iMaculate

ဒီလူည – လူရိုး 
(မိုးမခ) ဇွန် ၂၂၊ ၂၀၁၆

ရိုးတယ် ရိုးတယ်နဲ့ မင်းမရိုးသားဘူး လူရိုး
ကျားက သမင်ကိုချောင်းသလိုမျိုး မဟုတ်ရင်တောင်
ငါတို့ကို မင်း ရိုးရိုးလေးချောင်းနေတာ
ရိုးရိုးလေး ပုံပြင် တွေနဲ့ အိပ်မွေ့ချနေတာ
အကာအကွယ်မဲ့နေတဲ့ လုံခြုံမှုနဲ့
မီအောင် အ ပြေးလိုက်နေရတဲ့ပြေးလမ်းတွေပေါ်
လူရိုး မင်းက ကျွမ်းကျင်လွန်းနေတယ်
ရိုးပုံ ရိုးအ မင့်ညွှတ်ကွင်းမှာ
ငါတို့က ခပ်ပျော်ပျော်
ဟိုမေ့ ဒီမေ့
နောက်ဆုံး ကိုယ့်ကိုယ် ကို မေ့လျော့ပြီး
မင်းတီးခတ်တဲ့ ဂီတမှာ ငါတို့ ရွှင်မြူးနေကြ တာ
လူရိုး
ရိုးတယ် ရိုးတယ်နဲ့ မင်းမရိုးသားဘူး
မင့်ကိုယ် ယောင် ဖျောက်ထားတဲ့ မီးရောင် အောက်မှာ
ကိုယ့်အမော ကိုယ်ဖျော်သောက်
ငါတို့ကျန်းမာရေးက အပူဟပ် ခံရတုန်းလေ
မင်းရဲ့ စင်္ကြာတံဆိပ်အောက်မှာ ငါတို့က ဂျူးတွေပါ
ဒါပေမဲ့ ဒါပေမဲ့ပေါ့
ငါတို့က မင်းကိုချစ်တဲ့ ဂျူးတွေပါ လူရိုးရာ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts