Business Directory

”ခရီးထွက်ခြင်းဟာ ဘဝကို ရှင်သန်နေထိုင်ခြင်းပါ” – Vietjet နဲ့ အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ခရီးထွက်လိုက်ပါ

 

”ခရီးထွက်ခြင်းဟာ ဘဝကို ရှင်သန်နေထိုင်ခြင်းပါ” –
Vietjet နဲ့ အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ခရီးထွက်လိုက်ပါ
(မိုးမခကြော်ငြာဆောင်းပါး၊ ဇွန် ၂၁၊ ၂၀၁၆)
 

 

ခရီးသွားခြင်းဟာ လောကမှာဝယ်ယူနိုင်တဲ့ အရာတွေများစွာထဲမှာ သင့်ဘဝကိုပိုမို ပြည့်စုံစေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

 

ခဏလောက်စဉ်းစားကြည့်ပါ။  သင်ဟာ ဈေးအကြီးဆုံးကားနဲ့ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကိုပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ပါလိမ့်မယ်။  ဒါပေမယ့် သင့်ရဲ့ အမှတ်တရ အတွေ့အကြုံများကသာ သင့်ရဲ့ဘဝကို ပိုမိုပြီးပြည့်စုံစေမှာပါ။  ခရီးသွားနေချိန်မှာ သင်ဟာ မင်သက်ဖွယ်ကောင်းတဲ့ သဘာဝအလှတရားတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိနိုင်ပြီး သင်မသိရှိသေးတဲ့ မတူညီတဲ့ ဓလေ့ထုံးစံတွေကိုလည်း ထိတွေ့ခံစားနိုင်မှာဖြစ်ပါတယ်။

 

ခရီးသွားခြင်းဟာ သင့်ရဲ့လောကအမြင်ကို ပိုမိုကျယ်ပြန့်စေမှာဖြစ်ပြီး သင့်ရဲ့ ပုံမှန်လည်ပတ်နေတဲ့ နေ့စဉ်ဘဝထဲမှာ အသားကျနေမှုကနေ ထွက်ခွာဖို့ တွန်းအားပေးပါတယ်။ ကိုယ်နဲ့ မတူကွဲပြားတဲ့ လူပေါင်းစုံနဲ့ ချိတ်ဆက်ဖို့ကိုလည်း အကူအညီဖြစ်စေပါတယ်။  ခရီးသွားခြင်းကြောင့် သင်ဟာ ရင်းနှီးမှုမရှိသေးတဲ့ ပတ်ဝန်းကျင်အစိမ်းတွေမှာ လည်ပတ်ရင်း ပိုပြီး လူရည်လည် စမတ်ကျတဲ့ သူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

ခရီးသွားခြင်းဆိုတာကို သင်ဟာ စာသင်ခန်းထဲမှာ သင်ယူလို့မရနိုင်ပါဘူး။  လူတစ်ယောက်က အခြားလူ တစ်ယောက်အတွက် ကမ္ဘာကြီးကို လှည့်ပတ်လေ့လာ ပေးလို့ မဖြစ်နိုင်ပါဘူး။  ခရီးထွက်ခြင်းနဲ့ပတ်သက်တဲ့ အရေးကြီး အကြောင်းအရာတစ်ချို့ဟာ ကိုယ်တိုင်ခရီးမထွက်မခြင်း သိရှိခံစားနိုင်မှာမဟုတ်ပါဘူး။

 

ဥပမာပြောရမယ်ဆိုရင် သင့်အနေနဲ့ ဗီယက်နမ် စားဖွယ်ရာတွေဟာ ကမ္ဘာ့အကောင်းဆုံး အစားသောက်တွေထဲမှာ ပါဝင်တယ်လို့ ကြားဖူးမှာပါ။  ဒါပေမယ့် ကိုယ်တိုင် အရသာကိုခံစားပြီး မတွေ့မကြုံမခြင်း ဘယ်လိုထူးခြား ကောင်းမွန်မှုရှိတယ်ဆိုတာကို  ပြောပြဖို့ မဖြစ်နိုင်ပါဘူး။  ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိတယ်ဆိုတာကို ကိုယ်တိုင်သွားရောက်လေ့လာမှသာ လောကရဲ့အလှအပတရားတွေကို သိရှိ နားလည် ပွေ့ဖက်နိုင်မှာဖြစ်ပါတယ်။

 

ဘဝဟာ တစ်သက်မှာ တစ်ခါပဲ နေထိုင်ရတာ သင်သိပါတယ်။  ဒါပေမယ့် လူတစ်ယောက်ဟာ ပိုက်ဆံနဲ့ ဝယ်ယူလို့မရတာကို မပိုင်ဆိုင်မခြင်း ပြည့်စုံချမ်းသာတယ်လို့ပြောလို့မရဘူးဆိုတာကို သင်သိပါသလား။ အမှတ်တရအတွေ့ကြုံတွေကို ဝယ်ယူလို့မရဘူး မဟုတ်လား။  သင့်ဘဝမှာ သင်စိတ်တိုင်းကျ အကြိမ်ကြိမ် ခရီးထွက်ပြီး လောကအမြင်ကို ကျယ်ပြန့်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပွားလာအောင်၊ ခံစားမှုတွေကို ပိုမို ကျယ်ပြန့်နက်နဲလာအောင်နဲ့ ပထမဆုံးအကြိမ်ဆိုတဲ့ အမှတ်တရ အချိန်တွေကို ခံစာရရှိလာနိုင်အောင် လုပ်ဆောင်လိုက်ပါ။

 

ဗီယက်နမ်ကို Vietjet နဲ့အတူ ၀ ကျပ်မှ စတင်အသုံးပြုပြီး ပျံသန်းလိုက်ပါ

 

ကမ္ဘာကြီးမှာ မြင်တွေ့ချင်စရာတွေအများကြီး ရှိပါတယ်။  သင့်ရဲ့လောကကို ပိုမိုကျယ်ပြန့်လာစေဖို့ ဗီယက်နမ်ကို Vietjet နဲ့အတူ မြန်မြန် အလည်သွားလိုက်ပါ။  ကုန်ကျစရိတ်တွေအတွက် စိတ်မပူနေပါနဲ့၊ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်။

 

Vietjet သည် ၀ ကျပ်သာ ကျသင့်မည့် လေယာဉ်လက်မှတ် ၁၀၀,၀၀၀ ကို ဇွန်လ ၂၁ ရက် မှ ဇွန်လ ၂၃ ရက် နံနက် ၁၁:၃၀ နာရီ- မွန်းလွဲ ၁၃:၃၀ နာရီ အတွင်း အထူး အရောင်းမြှင့်တင်ရေး  (Golden Promotion) အစီအစဉ်အနေဖြင့် ၃ ရက်ကြာ ရောင်းချပေးသွားမည်ဖြစ်ပါသည်။  ဤအရောင်းမြှင့်တင်ရေး အစီအစဉ်တွင်  ရန်ကုန် – ဟိုချီမင်း အစရှိသည့် နိုင်ငံတကာ ခရီးစဉ်များပါဝင်ပါသည်။ ခရီးသွားချိန်သည် သြဂုတ်လ ၁၀ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်းဖြစ်ပါသည်။ (တရားဝင်ရုံးပိတ်ရက်များမပါ)*

 

အရောင်းမြှင့်တင်ရေး ကာလအတွင်း Vietjet နဲ့ အတူ ပျံသန်းကြတဲ့ ခရီးသည်များအနေဖြင့် လေဆိပ်တွေမှာ 3D နည်းပညာသုံး ဂိမ်းတွေ၊ အမှတ်တရလက်ဆောင်ပေးခြင်းတွေ၊ ပျံသန်းချိန်အတွင်းဖျော်ဖြေမှုတွေနဲ့ 3D ဓာတ်ပုံပြိုင်ပွဲတွေအစရှိတဲ့ အစီအစဉ်တွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

 

စောင့်မနေပါနဲ့တော့။  Vietjet နဲ့အတူ Vietnam ကို အမြန်ဆုံး ပျံသန်းပြီး သင့်ရဲ့စိတ်တိုင်းကျ ခရီးသွားတဲ့ အတွေ့အကြုံကို ခံစားဖို့ ခြေလှမ်းစတင်လိုက်ပါ။  မိုးရာသီမှာ ရက်အနည်းအငယ်ခန့် အနားယူပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ မေ့မရနိုင်တဲ့ ခရီးစဉ်ကို စီစဉ်ပြီး စိတ်လှုပ်ရှားဖွယ်ရာများကို ခံစားလိုက်ပါ။

 

သတင်းကောင်းတစ်ခုကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီယက်နမ် နိုင်ငံမှာ ၁၄ ရက်ခန့် ဗီဇာမလိုပဲ နေထိုင်နိုင်ခြင်းပါ။

 

Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။

 

www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁း ၀၀ ကနေ ၁း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။

 

မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် Hotline: 09 789 323 828 သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း (ဖုန်း) 01 53 94 84 Fax: 01 53 94 84 တွင်ဝယ်ယူနိုင်ပြီး ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော်တွင်လည်း ဝယ်ယူနိုင်ပါတယ်။

 

ကမ္ဘာကြီးမှာ မြင်တွေ့စရာတွေများစွာရှိပါတယ်၊
သင့်ရဲ့ လောကကို ဖွင့်လှစ်ဖို့ အမြန်ဆုံးခရီးထွက်လိုက်ပါ၊
မြန်လေ ကောင်းလေပါပဲ။

 

ဗီယက်နမ်မြောက်ပိုင်းက အသက်ရှုမှားဖွယ် အလှအပ မြင်ကွင်း
(Mù Cang Chải district, Yên Bái Province, Northeast region of Vietnam)

 

“အရှေ့ဖျား၏ ပုလဲရတနာ” အဖြစ် နာမည်ကျော်ကြားခဲ့တဲ့
ဟိုချီမင်းမြို့တော် (ယခင် ဆိုင်းဂုံမြို့တော်) ကို လည်ပတ်ရင်း အတွေ့အကြုံသစ်တွေ ဖွင့်လှစ်ရှာဖွေပါ။

 

သင်ဟာ အကောင်းဆုံးတွေနဲ့ ထိုက်တန်သူပါ။  ဒီလို အံ့သြမင်သက်ဖွယ်လှပနေတဲ့ ပင်လယ်ကမ်းခြေတစ်ခုမှာ သင့်ဘာသာ ဘာကြောင့်  ဇိမ်မယူနိုင်ရမှလဲ။

 

ပျော်ရွှင်ဖွယ် Vietjet လေကြောင်းလိုင်းနဲ့အတူ ကမ္ဘာကြီးကို စူးစမ်းရှာဖွေတွေ့ရှိလိုက်ပါ။

 

အခု ချက်ချင်းပဲ လက်မှတ်တွေမှာ နိုင်ပါပြီ

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts