ကဗျာ

နရီမင်း – ​ကြောင်​ခြူဆွဲမယ့်​ ကြွက်

artmoscow.wordpress.com

နရီမင်း – ကြောင်ခြူဆွဲမယ့် ကြွက်
(သစ်ခက်သံလွင်၊ မိုးမခ) ဇွန် ၁၂၊ ၂၀၁၆

ပုံပြင်တပုဒ်ရှိတယ်။
အီစွတ်ပုံပြင်လား၊
ဆီစွတ်ပုံပြင်လားဆိုတာတော့ သိဘူး။

ဆရာမောင်သာရတော့ ဝတ္ထုတပုဒ် ရေဖူးတယ်။
ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲတဲ့။
ဒေသတွင်း
အဲ အိမ်အတွင်းမှာ
ကြောင်တကောင် ဗိုလ်ကျစိုးမိုးနေတာနဲ့ ပတ်သက်ပြီး
ကြွက်တွေ ထိပ်သီးဆွေးနွေးပွဲ လုပ်ကြတယ်။
ကြွက်လည်တကောင်က တင်ပြတယ်။
ကြောင်ကို ခြူဆွဲပေးလိုက်ရင်
ကြွက်တွေ ကြိုတင်ရှောင်တိမ်းနိုင်မှာမို့ ဘေးကင်းပြီတဲ့။

ပြဿနာကတော့
ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲပေါ့။
တကယ်လို့
ခြူဆွဲဖို့ တာဝန်
ခင်ဗျားကို ပေးခဲ့တယ်ဆိုရင်
အဲ့ဒါ ခင်ဗျားကို
ခေါင်းဆောင်ခန့်တာ မဟုတ်ဘူး။
ကလေးတောင် သိတယ်။
အဲ့ဒါ အချွန်နဲ့ မ တာ။

နရီမင်း

၉ -၆- ၂၀၁၆

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts