ကဗျာ

ခိုင်မျိုး – အလံများ

 

ခိုင်မျိုး – အလံများ

(မိုးမခ) ဇွန် ၅၊ ၂၀၁၆

ကျွန်းတကျွန်းပေါ်
ဒါမှမဟုတ်
တောင်ကုန်းတကုန်းပေါ်
အလံတခုစိုက်နိုင်ဖို့
လူ့အသက်ဘယ်လောက်
ကမ္ဘာထဲမှာ ပြတ်ရှခဲ့သလဲ၊

အလံပါးကလေးတခုပေါ်မှာ
ထူထဲခိုင်ခံ့တဲ့ အနက်အဓိပ္ပာယ်ဟာ
ပျော်ဝင်နေတယ် ။

နှောင်ကြိုးကင်းခဲ့ပြီလား
လူသားကမ္ဘာ….

စည်းရဲ့ပြဋ္ဌာန်းချက်တွေ
အငွေ့ပျံပျောက်ကွယ်မသွားမချင်း
အလံတခုကို
သင်နဲ့ကျွန်ုပ်ရဲ့ရင်အုံအတွင်း
သွေးမြေကျချိန်အထိ
ထိုးသွင်းလိုက်ရုံပါပဲလေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts