ကဗျာ

အောင်​လွန်းမြိုင် – သတင်း

 

အောင်လွန်းမြိုင် – သတင်း
(မိုးမခ) ဇွန် ၂၊ ၂၀၁၆

ဒီ တနင်္ဂနွေမှာ လာမယ်ဆို

ခင်ဗျား
မုန်တိုင်းရဲ့အခြေနေစောင့်ကြည့် …

အခြေနေအရ
အပြောင်းအလဲ ရှိကြောင်း …

လေတိုက်နှုန်းနဲ့ အပျက်အစီးတွေကြား
ဒဏ်ရာကတော့ နည်းနည်းများတယ်…

အလန်းပေးသံနဲ့
အလောင်းသယ်ယာဉ် ဖြတ်မောင်းသွားတော့

ငေးမောကြည့်နေသူတွေကြား
ငါ မှင်သက်မိခဲ့ပေါ့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts