ကဗျာ အောင်ဝေး

အောင်ဝေး – တရား

illustration by ORatha in June, 2009

အောင်ဝေး – တရား
(မိုးမခပြန်လည်ဆန်းသစ်ခြင်း)  ဇွန် ၁၈၊ ၂၀၀၉

မတရား မပြောနဲ့ 
စစ်အာဏာရှင်ကို ဆန့်ကျင်ရင်
ဘယ်သူမဆို ဘာလုပ်လုပ်
တရားတယ်။

သမတကြီး ဒေါ်အောင်ဆန်းစုကြည်
နာယကကြီး ဒေါ်အောင်ဆန်းစုကြည်
အဓိပတိကြီး ဒေါ်အောင်ဆန်းစုကြည်
သေနာပတိကြီး ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်
ကရုဏာရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်
စာရေးဆရာမကြီး ဒေါ်အောင်ဆန်းစုကြည်
မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်။

မတရား မပြောနဲ့ 
ပြည်သူချစ်တဲ့ သူအပေါ်
ပြည်သူကဘယ်လို ဂုဏ်ပြုဂုဏ်ပြု
တရားတယ်။

နိုင်ငံရေးသစ်
တော်လှန်ရေးသစ်
ဒီမိုကရေစီသစ်
လွတ်လပ်ရေးသစ်
ငြိမ်းချမ်းရေးသစ်
အချုပ်အခြာ အာဏာသစ်
ဖွဲ့ စည်းပုံဥပဒေသစ်
နိုင်ငံတော်သစ်

မတရား မပြောနဲ့ 
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ
လူထုက ဘယ်လို ရည်မှန်းရည်မှန်း
တရားတယ်။

ကဲ … မတရား မပြောပါနဲ့ 
မတရားမှုကို ခုခံတာမှန်သမျှ
အကုန် တရားတယ် ဆိုတာပါပဲ။ ။

(ဇွန် ၁၇ ၊ ၂၀၀၉)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အောင်ဝေး – တရား
  1. အောင်ဝေး ဒေါသမကြီးနဲ့။သည်းခံပါ။ရှိပြီးသားအနိုင်ကိုမတရားပြောကြလျင်ပြောသူအပြစ်ပါ။မဝေးတော့တဲ့ခေတ်သစ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကိုဒို့မသေခင်အမေစုဆောင်ရွှက်ပေးပါလိမ့်မယ်။ဝိုင်းဝန်းကူညီလက်တွဲဆောင်ရွှက်ဖို့ဘဲလိုတယ်။

Comments are closed.