ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – မရှိသုဉ်းရဲ့ မရှိသုံးချိန်

ကျော်ဟုန်း – မရှိသုဉ်းရဲ့ မရှိသုံးချိန်
(မိုးမခ) မေ ၆၊ ၂၀၁၆

ရာသီကုန်တွေတောင်
ရာသီချိန်မှာ ရှားပါးလွန်းတဲ့နောက်
တွယ်မက်ပျော်ပါးခြင်းဟာ အားငယ်
မျှော်လင့်ချက်တွေ ဗိုက်တာမင် ချို့ တဲ့ပြီ။
လောကသားဆိုတာ လောကမှာ
လောဘတွေနဲ့ စစ်ခင်းရင်း
အချိန်ဖြုန်းတီးနေရတော့မလား။
ငါနဲ့ ငါလည်း ရန်ဖြစ်နေရတာ နေ့ တိုင်း
ငါနဲ့ သူလည်း ရန်ဖြစ်နေရတာ နေ့ တိုင်းလို
ရာသီကုန်တွေ ဂေဟစည်းအပြင်မှာ
မျိုးတုန်းလုတဲ့ အကြောင်းရင်းလား။
စားကျက်လုကြရင်း
လောဘနယ်နိမိတ် ကျယ်ပြန့် လာ
မောတဲ့အခါ အာသာဖြေဖို့ သောက်စရာ ပယ်လယ်ရေပဲ ရှိတဲ့အခါ။
မကျေနပ်လည်း
ကျေနပ်လိုက်ရမှာ
ငတ်တဲ့သူအတွက်
ပင်လယ်ရေ လက်တခုပ်လည်း
နွေမီးပူကို အံတုစရာ
ငါ့ဝမ်းပူဆာ နတ်သုဒ္ဓါတဲ့လား။

(အဲ့ဒိကျမှ…ယဉ်ကျေးမှု အကြီးကြီးကို ပျက်တော့တာပဲလေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts