ဆွီဒင်မှ ဆုရဂီတာတီးခတ်သူများ၊ စူစန်နာရစ်ဘာ့ တို့နှင့်အတူ ပြည်တွင်းမှ Jass ဂီတပညာရှင်များ ပါဝင်သော ၈၈ ဒီဂရီ Jass အဖွဲ့နှင့် သုံးပွင့်ဆိုင် အာရွန်ဂါလီရို တို့ ဖျော်ဖြေကြသည့် ဟင်းလင်းပြင် Jass ဂီတပွဲတော် အား ဧပြီ ၃၀ ရက်၊ ည ၇ နာရီတွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန မြက်ခင်းပြင်၌ ကျင်းပပြုလုပ် ခဲ့သည်။
မေလ ၆ ရက်နေ့တွင် ၁၇ ကြိမ်မြောက် French Love Friday DJs နှင့်တီးခတ်ဖျော်ဖြေပွဲများ ပါဝင်သည့် ဟင်းလင်းပြင်ပွဲ အား ပြင်သစ်ယဉ်ကျေးမှုဌာန မျက်ခင်းပြင်၌ ထိုနေ့ ည ၈ နာရီ တွင် ပြုလုပ်မည်။
မေလ ၁၂ ရက် ညနေ ၇ နာရီ တွင် ရန်ကုန်အမျိုးသားကဇာတ်ရုံ ၌ လည်းကောင်း၊ မေလ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ် တွင် မန္တလေး အမျိုးသားကဇာတ်ရုံ၌ လည်းကောင်း ပွင့်လင်းလက်မှတ်ဆက်ကပ် ကုမ္ပဏီမှ နိုင်ငံတကာအနုပညာရှင် ၇ ဦး အားဖိတ်ခေါ်၍ ဆပ်ကပ်အကနှင့် ပြဇာတ်များ ပေါင်းစပ် ဖျော်ဖြေမည့်ပွဲ (SANS QUEUE NI TETE) ကိုကျင်းပပြုလုပ်မည်။
မေလ ၂၄ ရက် ညနေ ၇ နာရီတွင် ရန်ကုန်အမျိုးသားကဇာတ်ရုံ၌ မြေဝိုင်းအကကုမ္ပဏီ မှ အကသမား လေးဦး၏ ဘရိတ်ဒန့်စ်အက၊ ခေတ်စားနေသည့်အက နှင့် Waacking ကခုန်မှုများ( AUTARCIE) ကို ကိုယ်စီ ကခုန် ဖျော်ဖြေကြမည်။
ဇွန်လ ၂၁ ရက် ည ၈ နာရီတွင် ပြည်တွင်းဂီတအဖွဲ့များဖြင့်ကျင်းပမည့် ဂီတပွဲတော်ည(FETE DE LA MUSIQUE) အား ပြင်သစ်ယဉ်ကျေးမှု မြက်ခင်းပြင်၌ ပင်ကျင်းပပြုလုပ်မည်ဟု ပြင်သစ်ယဉ်ကျေးမှုဌာနမှ သိရသည်။