ဖိုးထက် ခေတ်ပြိုင်အတွေ့အကြုံ

ဖိုးထက် – မှန်ကန်စွာ မဘသ ကြပါ

Photo – 7Day Daily

ဖိုးထက် – မှန်ကန်စွာ မဘသ ကြပါ

(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

ယခုခေတ် အခြေအနေအရ မဘသ (၀ါ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး စကားလုံးကိုတွေ့တာနှင့် ကြီးစွာ သတိထားရသည်။ အာရုံခြောက်ပါးအား အစွမ်းကုန် စွန့်ထားရသည်။ ဟုတ်ပါ့မလား၊ မဟုတ်ဘူးလား။ မှန်ပါ့မလား ရှိသမျှ ဥာဏ်အခံလေးဖြင့် စူးစမ်း ဆင်ခြင်ရသည်။

အမှန်တကယ်သာဆို အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းသည် ကောင်းသည့် ကိစ္စဖြစ်၏။ သာဓု အကြိမ်ကြိမ် ခေါ်သင့်သော ကိစ္စလဲ ဖြစ်ပေ၏။ အဆိုပါ အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်း လုပ်ငန်းကြီးကို မြန်မာနိုင်ငံ၏ အထင်ကရ၊ စံတင်ရမည့် ပုဂ္ဂိလ်ကြီး ဖြစ်သည့် ကျေးဇူးတော်အရှင် အမရပူရမြို့ မဟာဂန္ဂ္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ပင်လျှင် ဖွင့်လှစ် မိန့်ဆိုတော်မူကာ ကိုယ်တိုင်လည်း ကြိုးစား အားထုတ်ခဲ့သည်။

ဆရာတော်ကြီး၏ “တစ်ဘ၀ သံသရာ” ဆိုသည့် ကိုယ်တိုင်ရေး အထ္ထုပတ္တိစာအုပ်ကြီးထဲတွင် အမျိုး၊ ဘာသာ၊ သာသနာကို အဘယ်သို့ စောင့်ရှောက်ရမည်ဆိုသည့် နည်းလမ်းများ၊ သတိထားစရာများအား ညွှန်ကြား ပြသပေးခဲ့သည်။

လူတစ်ယောက်၏ ဘ၀ အချိန်သည် တကယ့် ခဏလေးမှ ခဏလေး။ မသိလိုက် မသိဘာသာ၊ သိသိမှတ်မှတ်၊ ယောင်ယောင်ဝါးဝါး၊ ပျင်းပျင်းရိရိ၊ တက်တက်ကြွကြွ အစရှိသဖြင့် နေ့များ၊ လများ၊ နှစ်များကို ဖြတ်သန်းကြရသည်။ ထိုအချိန်ခဏလေးအတွင်းမှာ ပညာတွေ သင်ရသည်။ အလုပ်တွေ လုပ်ကြရသည်။ ဘာအလုပ်တွေ လုပ်ရင်း အချိန်တွေ ကုန်နေကြသလဲဆိုသည့် ကိစ္စက ရံဖန်ရံခါ ရပ်၊ ကြည့်၊ သွား ကြရမည်ဟု ထင်သည်။

ခေတ်စနစ်အမြင်အရ အင်္ဂလိပ်စာ နှင့် အခြား ဘာသာစကားများ၊ အခြားအသက်မွေး ၀မ်းကျောင်းပညာရပ်များ တတ်မြောက်လျှင် လွန်စွာ လူရာဝင်ကြသည်။ လွန်စွာ လူအထင်ကြီးခြင်း ခံရသလို အဆိုပါ ပုဂ္ဂိုလ်၏ ဘ၀လမ်းကြောင်းသည့် ဖြောင့်ဖြောင့် ဖြူးဖြူး သာသာယာယာ ရှိသည် မဟုတ်ပါလား။

ဆရာတော် အရှင်ဇနကဘိဝံသ၏ ဘ၀ဖြတ်သန်းမှုများကို ပြန်တွေးမိသည်။ ဆရာတော့်မှာ လူတွေ တန်ဖိုးထားတတ်ကြသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု၊ အတန်းပညာ မရှိဘူးလို့ ဆိုရပေမည်။ သို့သော် သာသနာတော်အတွက်၊ လူမျိုးအတွက် တိုးတက် စည်ပင်ပြန့်ပွားအောင် အားထုတ် လုပ်ဆောင်တော် မူသွားသည့် အလုပ်တွေက သြချယူရသည်။ ငါပြောသလိုလုပ်၊ ငါ လုပ်သလိုလုပ် စည်းကမ်းများဖြင့် တောင်မြို့ မဟာဂန္ဂ္ဓာရုံ စာသင်တိုက်ကြီးကို တည်ထောင်တော် မူခဲ့သည်။ ဆရာတော်၏ ကြိုးစား အားထုတ်မှုက ဆရာတော် မရှိတော့သည့် နောက်ပိုင်း နှစ်ပေါင်းများစွာအထိ ကျန်နေရစ်ခဲ့သည်။ ဗုဒ္ဂ္ဓ္ဓဘာသာကို လေ့လာ လိုက်စားလိုသည့် နိုင်ငံခြားသားများ မဆိုထားနှင့် အလေ့ အထုံကောင်းများ ရှိသည့် ဗုဒ္ဂ္ဓ္ဓဘာသာဝင်များပင်လျှင် မဟာဂန္ဂ္ဓာရုံ ဘုန်းတော်ကြီး ကျောင်းတိုက်ကြီးသို့ ရောက်ရှိ လေ့လာပြီးလျှင် ဆရာတော်၏ ကျေးဇူးတရားများ၊ ကြိုးပမ်း အားထုတ်ခဲ့ရမှုများကို ယခုအချိန်အထိ အလွယ်လေး မြင်နိုင်၊ ကြည်ညိုနိုင်သည်။

သပ်ရပ် သန့်ရှင်းမှု၊ စနစ်ကျနမှု၊ ဘုရား သားတော်များ၏ ဘုရား အလိုတော်ကျ ကျင့်ကြံအားထုတ်မှု အစရှိသည့် ကောင်းမွေတွေကို ဆရာတော်ကြီးက ချန်ထားရစ်ခဲ့သည်။ လုံ့လ၀ရိယ အလွန်ကြီးတော်မူသည့် ဆရာတော်ကြီးမှာ စာရေးလျှင်သော်မှ မတ်တပ်ရေးတော်မူသည်။ စာအုပ် ကုန်သည်ကြီးဟု အများက ကဲ့ရဲ့ မဲတင်း အပြစ်ဆိုကြသော်လည်း ၀ိနည်းနှင့် ညီအောင် စာအုပ်၊စာတမ်းများကို ပြုစုပေးတော် မူခဲ့သည်။ ပျံလွန်တော် မူမည့် ရက်မတိုင်ခင်အထိ စာဝါ ပို့ချတော် မူခဲ့သည်။

ဆရာတော်ဘုရားက သူ၏ စာအုပ်ကြီးထဲတွင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ခြင်းဆိုသည့် စကားလုံးအား မကြာခဏ အသုံးပြုခဲ့သည်။ ဗုဒ္ဂ္ဓ္ဓဘာသာဝင်တို့၏ တလွဲဆံပင် ကောင်းခြင်းများကို အားမနာတမ်း ဝေဖန်ခဲ့သည်။ ထောက်ပြ တည့်မတ်ပေးခဲ့သည်။ အပိုဆားဒါး ဂုဏ်ပကာသနတွေ သိပ်မက်၊ သိပ်ကြိုက်ကြသည့် လူတွေကို ဆရာတော်က တပည့်ဟောင်း၊ သစ်၊ စိမ်း၊ ကျက် မရွေးဘဲ သွန်သင် ဆုံးမခဲ့သည်။

လွတ်လပ်ရေး ရပြီး နောက်ပိုင်း ပထမဦးဆုံး အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အပ်နှင်းခြင်း ခံရသည် အထိ ဆရာတော်က သြဇာကြီးခဲ့သည်။ ဂိုဏ်းပေါင်းစုံ ဂိုဏ်းချုပ် ဆရာတော် ဘုရားကြီးများ၏ အလေးပေး တန်ဖိုးထားခြင်းကို ခံရသည့် ဒေါင်ဒေါင်မြည့် ဗုဒ္ဂ္ဓဘာသာ ဘုန်းတော်ကြီး ဖြစ်သော်လည်း ဆရာတော်၏ အခြား ဘာသာဝင်တွေအပေါ် ထားရှိသည့် စိတ်ထားက နှစ်သက် မြတ်နိုးဖွယ်ရာ ကောင်းလှသည်။ ဆရာတော်က…

“ဗုဒ္ဂ္ဓ္ဓ္ဓ္ဂဘာသာပီ ဆိုပေမဲ့ အခြား ဘာသာကို အထင်မသေးပါဘူး ဘုရား။ အခြားဘာသာများလဲ လောကီ ကောင်းကျိုးကို ညွှန်ပြကြပါတယ်။ လူအများစုဟာ ကိုယ့်ဆိုင်ရာ ဘာသာနဲ့ အဆုံးအမကို လိုက်နာကြမယ် ဆိုရင်တော့ ဘာသာတိုင်းမှာပင် လူတော် လူကောင်းတွေ ဖြစ်နိုင်ကြပါတယ် ဘုရား” ဟု သူ၏ အယူအဆကို ရှင်းလင်းသွားခဲ့သည်။

နားလည်သလောက်သာ ပြောခွင့် ရှိလျှင် ကျွန်တော်တို့၏ ဘုရားသားတော်၊ သာသနာ့ဝန်ကို ထမ်းထားတော် မူကြသည့်၊ ထမ်းထားတော် မူခဲ့ကြသည့် ဘုန်းတော်ကြီးများ သုံးမျိုး သုံးစား ရှိသည်ဟု ဆိုရမည်။ ပထမ အမျိုးအစားက အကျင့်ကို ဦးစားပေးသည့် ဆရာတော် ဘုရားကြီးများ။ မိုးကုတ်ဆရာတော် ဘုရားကြီး၊ စွန်းလွန်း ဆရာတော် ဘုရားကြီး၊ ဖားအောက် ဆရာတော် ဘုရားကြီး အစရှိသဖြင့်။ ကိုယ်တိုင် ကိုယ်ကျ တရားအားထုတ် ပေါက်မြောက်ခဲ့သည့် အဆိုပါ ဆရာတော် ဘုရားကြီးတို့၏ တရားစကားများသည် ကျွန်တော်တို့လို ဗုဒ္ဂ္ဓ္ဓဘာသာကို အပေါ်ယံလေး ရှပ်ပြီး ကြည်ညိုသူတွေအတွက် နားလည်ဖို့ ခက်သည်။ အင်္ဂလိပ်ဝါကျတွေ တစ်ကြောင်းမှမပါ၊ မြန်မာစကားစစ်စစ်ကြီးများဖြင့် အရိုးခံ အသံတော်ကြီးများဖြင့် ဟောကြားပြသတော် မူကြသော ဆရာတော်တို့၏ တရားစကားတွေက ကျွန်တော်တို့နှင့် (ကျွန်တော်နှင့် အလှမ်းဝေးပါသည်။)။

ဒုတိယ အမျိုးအစားက လူအများ နားလည်နိုင်သော စကားလုံးများ၊ လူအများကြိုက်နှစ်သက်ကြသော အကြောင်းအရာများဖြင့် ဟောကြားပေးတော်မူကြသည့် ဆရာတော် ဘုရားများ။ ဆရာတော် ဦးဇောတိက၊ ဆရာတော် ရဝေနွယ် (အင်းမ)၊ ဆရာတော် ဆန္ဒာဓိက အစရှိသဖြင့်။ အဆိုပါ ဆရာတော်များကတော့ ကျွန်တော်တို့လို လူအများ၏ လူ့လောက တွေ့ကြုံရသည်များနှင့် ဗုဒ္ဂ္ဓ္ဓ္ဓ၏ အဆိုအမိန့်များကို တွဲစပ်ပြီး စိတ်ကို ထားတတ်ဖို့၊ နေတတ်ဖို့ သင်ကြား ပြသပေးကြသည်။ အင်္ဂလိပ်စကားနှင့် စာပေကို နှံစပ်စွာ သိမြင်တတ်ကျွမ်းပြီး ဗုဒ္ဓ္ဓဆို ဆုံးမမှု အတိုင်း လိုက်နာကျင့်သုံးတော် မူသည့် ဆရာတော် ဦးဇောတိက ဆိုလျှင် ကျွန်တော်တို့ကဲ့သို့ လူပရိတ်သတ်က လွန်စွာမှ နှစ်သက်ကြည်ညိုကြသည်။

တတိယ အမျိုးအစားက မင်းကွန်းဆရာတော် ဘုရားကြီး၊ ပခုက္ကူဆရာတော် ဘုရားကြီး၊ မဟာဂန္ဂ္ဓ္ဓ္ဓ္ဂာရုံ ဆရာတော် ဘုရားကြီး အစရှိသည့် ဗုဒ္ဂ္ဓ္ဓ္ဓ္ဂ၏ အဆိုအမိန့်များ၊ သင်ကြားပို့ချချက်များကို နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ သေချာစွာ လိုက်နာ ကျင့်သုံးနိုင်ဖို့ သင်ကြားပို့ချသွားသည့် ဆရာတော်ကြီးများ။

ကျွန်တော် တစ်ဦးတည်း အလိုအရသာဆိုရလျှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးတို့၏ ကြိုးစားအားထုတ်မှုများက အမျိုး၊ ဘာသာ၊ သာသနာ တိုးတက် ပြန့်ပွားရေးအတွက် သိသာထင်ရှားစွာ အကျိုးပြုသည် ဟု ထင်မြင်မိသည်။ အခြားသော ဆရာတော် ဘုရားကြီးများ၏ ဥာဏ်တော်နှင့် ကျေးဇူးတရားများကို တစ်ထွာ တစ်မိုက် ဥာဏ်လေးဖြင့် ဝေဖန်ပိုင်းခြားခြင်း မဟုတ်ဘဲ မိမိ ထင်မြင်ယူဆချက်ကို မ၀ံ့မရဲ ဖွင့်ဟခြင်းသာ ဖြစ်သည်။

အမျိုးဘာသာ သာသနာ တိုးတက်အောင် ကြိုးစားကြသည့် နေရာတွင် အခြားဘာသာဝင်များ၏ ဖြစ်တည်မှုကို ဆရာတော် အရှင်ဇနကာဘိဝံသ လို ဆရာတော် ဘုရားကြီးကိုယ်တိုင်ကပင် လေးစား၊ လက်ခံပြီးသားဖြစ်သည်။ အခြားဘာသာဝင်တို့ကို စော်ကားမော်ကား အနိုင်ကျင့်ခြင်းများဖြင့် မဘသ ကြသည့် ကိုယ်တော်များကို တွေ့မိတိုင်း ငါကိုးကွယ်တဲ့ ဘာသာတရားက ဘာတွေမှားနေသလဲဆိုသည့် မေးခွန်းများကို မေးကြည့်နေမိသည်။

အပြစ်ကင်းစွာ၊ လေးစားကြည်ညိုဖွယ်ကောင်းစွာ မ.ဘ.သ ကြစေချင်သည်။

လူ့လောကတွင် ဘာသာတရားထက် ပိုအရေးသော ကိစ္စတွေအများကြီးဟု ကျွန်တော် ထင်မြင်ပါသည်။

ဖိုးထက်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts