လင်းသက်ငြိမ် – တွေးပူလေ့ကျင့်ခန်း
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆
ခြုံထဲက မိစ္ဆာတွေနဲ့
အယောင်ဆောင်ထားတဲ့ အရောင်တွေနဲ့
အရေးပေါ်ကောက်ချစ်လိုက်ရတဲ့ အချစ်နဲ့
စေတကာမ်ား၊ ပံုပါအက်ႌမ်ား
ရဲရဲနီတော့မှ နီနီရဲကြ
ခါတော်မီယိမ်းက ခြေကျ လက်ကျ အလွဲများ
အပီအပြင် မသီးပွင့်ရသေးဘူး
ခူးမယ့်လက်တွေ တပြင်ပြင်
ငါတို့နာကျင်မှုဟာ တချိန်တုန်းက
သူတို့ရဲ့ဟာသပဲ
ငါတို့ပွဲတော်တွေမှာ သူတို့ဟာ
ပျော်ဖို့လာတာသက်သက်လား
တချက် တချက် ပြုံးလိုက်တိုင်း
အစွယ်ရေးရေး မြင်ရသေးရဲ့
ပူနွေးကြွပ်ရွနေတဲ့ နိုင်ငံတော်ဆိုတာ
မီးပွားလေးကအစ ဂရုစိုက်ကြရတယ်
ရယ်မောနေရချိန်တွေမှာ
ငိုကြွေးဖူးတဲ့ နေ့ရက်တွေအကြောင်း
စဉ်းစားသင့် မစဉ်းစားသင့်
ဖားတွေကတော့ ခေတ်အဆက်ဆက်
မိုးရွာတိုင်း အော်တုန်းပဲ…။
လင်းသက်ငြိမ်