ဆောင်းယွန်းလ – ကြိုး

Created with Microsoft Fresh Paint
ဆောင်းယွန်းလ – ကြိုး
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၆

နားထောင်ဖြစ်တဲ့ သီချင်းတပုဒ်က
အတိတ်အနှစ် ၂၀ ကျော်ဆီကို
ပြန်ဆွဲခေါ်ထုတ်သွားခဲ့တယ်…

ပြန်မသောက်ဖြစ်တဲ့
လက်ဖက်ရည်တခွက် အပေါ်ယံကြောမှာ
အတိတ်ဟာ
မြစ်တစင်းရဲ့ ရေစီးကြောင်းနဲ့အတူမျောလို့…

မေ့ဖို့ကြိုးစားရင်း ဖြေမိတဲ့
ကြိုးတချောင်းဟာ
မမေ့ဖို့ ချည်မိတဲ့
ကြိုးရဲ့ အစတစပဲ ..။

ဆောင်းယွန်းလ