Ni July ကဗျာ

နီဇူလိုင် – “နှစ်သစ်ပွင့်”

 

နီဇူလိုင် – “နှစ်သစ်ပွင့်”

(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆

အို..
ဟိုသည်ကို ..
ကြည့်စမ်း..။
ရွှေဝါရည်လွှမ်းခြုံ
ဗုံမောင်း ရိုက်ဟည်း
စောင့်ကြီးစောင့်ခဲ့
သည်နေ့ကို..။

သပြေညို
ပိတောက်ရွှေ
ငုခက်
ဝင်းစက်
စိမ်းရွက်
ဖူးပုရစ်
နီသစ်ပွင့်ဝေ
ရဲရဲဖွင့်လိုက်တော့ နွေ..။

နီဇူလိုင်
( နှစ်ဆန်းတစ်ရက်..၁၃၇၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts