ရသဆောင်းပါးစုံ

သစ်ထူးဆက် – ဆယ်လ်ဖီလှလှရိုက်ရအောင်

သစ်ထူးဆက် – ဆယ်လ်ဖီလှလှရိုက်ရအောင်

(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

(၁)

တလောက ညီငယ်တဦးနှင့် ကျွန်တော် ဆယ်လ်ဖီကိစ္စနှင့်ပတ်သက်ပြီး အဖုအထစ်လေးတခု ဖြစ်သွားသည်။ ဖြစ်ပုံက လမ်းခရီးတခုတွင် ထိုညီငယ် ဆိုင်ကယ်အက်ဆီးဒင့် တခုဖြစ်၏။ ဆိုင်ကယ်မှောက်တာက ပြဿနာမရှိ။ ပြဿနာက မျက်နှာတပြင်လုးံ ဖူးယောင်နေသောသူ့ကို ဆယ်လ်ဖီရိုက်၍ ဖေ့စ်ဘွတ်ခ်ပေါ် တင်လိုက်ခြင်းပင်။ ဆိုင်ကယ်မှောက်ခြင်းသည် ဝမ်းသာစရာမဟုတ်၍ ထိုပုံများကိုမြင်မိသည့် ကျွန်တော်က မနေနိုင်မထိုင်နိုင် သူ့အားပြောလိုက်မိသည်။ ငါ့ညီရယ် ဆယ်လ်ဖီရိုက်စရာ ရှားလို့ကွာ။ မျက်နှာတခုလုးံ ဖူးယောင်နေတဲ့ ဒဏ်ရာတွေနဲ့များ ဆယ်လ်ဖီရိုက်ရသလား။ ထိုညီငယ်အား နစ်နာစေလိုသော စိတ် ကျွန်တော့်မှာမရှိပါ။ ဂရုဏာဒေါသောနှင့် ပြောမိခြင်းဖြစ်သည်။ ချက်ဘောက်စ်မှတဆင့် ပြောလိုက်မိသော ထိုစကားအတွက် ထိုညီငယ်ထံမှ ဘာတုံ့ပြန်မှု ပြန်မလာ။ ကျွန်တော် နားလည်လိုက်ပါသည်။ ကျွန်တော့်စကားကြောင့် ထိုညီငယ်မှာ စိတ်ဆိုးသွားပြီဖြစ်သည်။

(၂)

လူမူကွန်ယက်တခုဖြစ်သော ဖေ့စ်ဘွတ်ကို လူအတော်များများ တွင်တွင်ကျယ်ကျယ် အသုးံပြုလာကြချိန်တွင် selfie ဟူသော ဝေါဟာရက ဖေ့စ်ဘွတ်ခ်သုးံသူများအကြား ခေတ်စားလာခဲ့သည်။ မိမိပုံကို ဆယ်လ်ဖီရိုက်ကြသည်။ လှတဲ့လူကလဲ ဆယ်လ်ဖီ။ မလှတဲ့လူများကလည်း ဆယ်လ်ဖီ။ နဂိုရှိမှ နဂိုင်းထွက်ဆိုသော စကားရှိသော်လည်း နဂိုရှိရင်းစွဲ ရုပ်ရည်မလှပလည်း ကိစ္စမရှိ။ ဖုန်းနှင့် မိမိဓာတ်ပုံကို စိတ်တိုင်းကျပြင်ဆင်နိုင်သော Camera 360 လို ဖုန်းဆော့ဝဲလ်ပေါင်းများစွာဖြင့် မိမိကိုယ်ကို ကြည့်ပျော်ရှိပျော်ဖြစ်အောင် ပြင်ဆင်နိုင်ကြသည်။ ဆယ်လ်ဖီရောဂါက ဆယ်ကျော်သက် လူငယ်လူရွယ်များတင်သာမက အချို့လူကြီးများအထိပါ ကူးစက်လာသည်အထိ။ ခြုံ၍ပြောရလျှင် ငယ်ငယ်ကြီးကြီး ပျိုပျိုအိုအိုဟူသမျှ ဆယ်လ်ဖီရိုက်ကြသည်။ ဆယ်လ်ဖီ ဘာကြောင့်ရိုက်ကြသလဲ။ အကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်။ နေရာဒေသတခုရောက်လို့  သူငယ်ချင်းတွေနဲ့ဆုံလို့ ဓတ်ပုံအလှရိုက်တာဝါသနာပါလို့ အစရှိသဖြင့်။ ဘာကြောင့်ပဲ ဆယ်လ်ဖီရိုက်ရိုက် အချိန်တန်ရင်တော့ ဖေ့စ်ဘွတ်ခ်ပေါ် တင်ကြစမြဲ။ ရုပ်ရည်ချောမောလှပသူတို့ကတော့ မတောင်းပဲ like တပုံတခေါင်း ရတတ်ကြသည်။ တချို့ကျတော့လည်း like ပေးကြပါဦးဟု ဗြောင်ပင် တောင်းဆိုကြသည်။ ရိုက်တဲ့လူကလဲ ရိုက်ကြသည်။ Likeတဲ့လူကလဲ Likeကြသည်။ သူ့ဟာနဲ့သူကတော့ အိုကေနေကြသည်။ ကြာတော့ဆယ်လ်ဖီရိုက်ခြင်းသည် ယဉ်ကျေးမူတရပ်လိုတောင် ဖြစ်လာ၏။ လူတန်းစားမရွေး ဆယ်လ်ဖီရိုက်ကြသည်။ နေရာဒေသမရွေး ဆယ်လ်ဖီရိုက်ကြသည်။ ဆယ်လ်ဖီပုံများ၏ ဂယက်ကား မသေး။ မိမိပုံကိုမိမိ ဆယ်လ်ဖီရိုက်ခြင်းသည် အပြစ်တခု မဟုတ်ပါ။ သို့သော် ဆယ်လ်ဖီရိုက်ခြင်းသည် သာမန်ထက် ပိုလာသောအခါ အန္တရယ်ရှိလာသည်။ နောက်ဆက်တွဲပြဿနာများ မလိုလားအပ်သော ဆိုးကျိုးများ ရှိလာတော့၏။

(၃)

မကြာသေးမီက အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့တွင် ဆယ်လ်ဖီမရိုက်ရ နေရာအဖြစ် နေရာ ၁၆ ခု သတ်မှတ်လိုက်သည်။ အသက် ၁၈နှစ်အရွယ် မိန်းခလေးတဦး မွန်ဘိုင်းမြို့ရှိ ခံတပ်တခုတွင် ဆယ်လ်ဖီရိုက်ရင်း မတော်တဆ ရေထဲပြုတ်ကျ သေဆုးံသွားခဲ့သည်။ ကျန်နေရာများတွင်လည်း ဆယ်လ်ဖီရိုက်ရင်း မတော်တဆသေဆုးံမူများ ရှိလာသောကြောင့် အာဏာပိုင်များက ဆယ်လ်ဖီမရိုက်ရနေရာများ သတ်မှတ်လိုက်ခြင်း ဖြစ်လေသည်။ အလားတူဖြစ်ရပ်မျိုး အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ပြည်နယ်တွင်လည်း ဖြစ်ပွားခဲ့သည်။ အမျိုးသားတဦးသည် မိမိကိုယ်ကို မိမိသေနတ်နှင့် ချိန်တွန်နေဟန် ဆယ်လ်ဖီရိုက်ရင်း သေနတ်အတွင်းမှ ကျည်ဆံထွက်ကာ သေဆုးံခဲ့လေသည်။ ဆယ်လ်ဖီရိုက်ခြင်းသည် မည်သူ့ကိုမျှ မထိခိုက်သော်လည်း မိမိကိုယ်တိုင်အန္တရယ်ရှိလာသောအခါ ဆင့်ပွားတွေးစရာများ ရှိလာတော့သည်။ ဆယ်လ်ဖီတပုံအတွက် လူ့အသက်တချောင်း စတေးရတာတန်သလား။ မိမိအသက်ကိုပါ ပေးဆပ်လိုက်ရတာ မှန်ကန်ပါရဲ့လား။ ဆယ်လ်ဖီပုံ မလှတော့ ဘာဖြစ်သလဲ။ ဆယ်လ်ဖီပုံ သဘာဝမကျတော့ရော ဘယ်သူတွေက စကားတင်းဆိုကြမလဲ။ စကားတင်းဆိုကြသည် ဆိုဦးတော့ မိမိဘဝအတွက် ဘယ်လောက် ဆုးံရှူးံနစ်နာသွားမှာလဲ။ လှတယ်ဆိုတဲ့ မှတ်ချက်လေးတခုရဖို့အတွက် Likeလေး တခုရဖို့အတွက် မိမိအသက်ကိုတော့ ပေးဆပ်ရတာ မတန်ဘူးဟု ကျွန်တော်ထင်ပါသည်။ သေချာသည်ကတော့ဖေ့စ်ဘွတ်ပေါ်မှ ဆယ်လ်ဖီပုံလေးတပုံကြောင့် ကမ္ဘာကြီး ပြောင်းလဲ မသွားခြင်းပင်။

(၄)

ဆယ်လ်ဖီရိုက်ခြင်းသည် မိမိကိုယ်တိုင်သာမက မည်သူ့ကိုမျှမထိခိုက်လျှင် ပိုအပြစ်ကင်းလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ တလောကျဖ့စ်ဘွတ်ခ်ပေါ်မှ post တခုကို ကျွန်တော်ဖတ်ရသည်။ ကမ်းခြေတခုမှာ အမျိုးသမီးတယောက်က ဘဲငန်းလေးတကောင်ကို ပွေ့ဖက်ရင်း ဆယ်လ်ဖီရိုက်ပါသတဲ့။ သူမ၏ဆယ်လ်ဖီက သဘာဝကျကျဖြင့် ကြွကြွရွရွ လှလှပပ။ မလှပရှာသည်ကတော့ ဘဲငန်းလေး၏ ကြမ္မာပင်။ သူမ မည်မျှသဘာဝကျကျ ရိုက်ကူးသည်မသိ။ ထိုဘဲငန်းလေးမှာ သူမကြောင့် မတော်တဆ သေဆုးံသွားခဲ့လေသည်။ တိရစ္ဆာန်ချစ်မြတ်နိုးသူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သူမ၏လုပ်ရပ်အပေါ် အပြင်းအထန် ဝေဖန်ရှူံ့ချကြသည်။ သူမ၏ဆယ်လ်ဖီလေး သဘာဝကျစွာဖြင့် လှပရန် ဘဲငန်းလေးတကောင်ကတော့ဖြင့် အသက်ပေးခဲ့ရလေပြီ။ ထိုဆယ်လ်ဖီအတွက် like ဘယ်လောက်များများရမလဲ ကျွန်တော်မသိ။ ဘယ်သူတွေက ဘယ်လောက်ပင်လှသည်ဟု ချီးမွမ်းစကားဆိုစေကာမူ ထိုသို့သောဆယ်လ်ဖီမျိုးကို လှသည်ဟု ကျွန်တော် မထင်မိပါ။ ဆယ်လ်ဖီသည် ယဉ်ကျေးမူတခုဟုဆိုပါလျှင် မယဉ်ကျေးသော လူတို့၏အပြုအမူကို သရော်လှောင်ပြောင်ထားသော ကာတွန်းလေးတကွက်ကို ကျွန်တေယ်အမှတ်ရမိသည်။ နိုင်ငံခြားကာတွန်းဆရာတယောက် ဆွဲထားသော တကွက်ကာတွန်းလေးဖြစ်သည်။ သူဆွဲထားသည်က တောင်းရမ်းစားသောက်သူမိသားစုလေး (ယောကျာင်္းတယောက် မိန်းမတယောက်နှင့် ကလေးငယ်) ကို လူတယောက်က ငွေစအနည်းငယ် စွန့်ကြဲနေပုံ။ သို့သော် ထိုလူက ရိုးရိုးစွန့်ကြဲနေခြင်းမဟုတ် ကျန်လက်တဖက်က selfie stick ကို ကိုင်၍ ဆယ်လ်ဖီ ရိုက်နေပုံ။ စုတ်ချာချာမိသားစုလေး၏ မျက်နှာတွေက ညှိုးညှိုးငယ်ငယ်၊ ထိုလူကတော့ ပီတိဖြင့် တပြုးံပြုးံ။ စာရှူသူအဆွေ ထိုသို့သော ဆယ်လ်ဖီမျိုးကို ဘယ်လိုနှလုးံသားမျိုးနဲ့ ကျွန်တော်တို့ ခပ်ပြုးံပြုးံ ရိုက်ယူရပါ့မလဲ။ မိမိကြောင့် အခြားသူများ၏ ဂုဏ်သိက္ခာမျိုးကို ညှိုးနွမ်းစေခဲ့လျှင် ထိုကဲ့သို့ ဆယ်လ်ဖီမျိုးကို ကျွန်တော်တို့ ရိုက်သင့်ပါသလား။

(၅)

ဆယ်လ်ဖီတပုံကို လှအောင်ရိုက်ဖို့ သိပ်မခက်ပါ။ ဖုန်းကင်မရာ ကောင်းရန် မလိုပါ။ ဆယ်လ်ဖီပုံ လှလှရိုက်နည်းကို လက်ဆင့်ကမ်း မျှဝေချင်ပါသည်။ မိမိဖုန်း၏ ရှေ့ကင်မရာကို ဖွင့်ပါ။ ထို့နောက် ပြုးံပါ။ ကင်မရာခလုပ်လေးအား ချပ်ကနဲ နှိပ်ပါ။ စာရှူသူမိတ်ဆွေ အလှဆုးံဆယ်လ်ဖီတပုံကို သင်ရရှိပါပြီ။ ခင်မင်နှစ်လိုဖွယ်ရာအပြုးံနှင့်စိတ်ထားကောင်းရှိသူ၏ ဆယ်လ်ဖီသည် အလှဆုးံဆယ်လ်ဖီဖြစ်လေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts