News Yan Naung (Bo Ta Htaung)

စိုင်းစိုင်းခမ်းလှိုင် မွေးနေ့ ရှိုးပွဲ ကွင်းလုံးပြည့် အားပေးခဲ့

 စိုင်းစိုင်းခမ်းလှိုင်
မွေးနေ့ ရှိုးပွဲ ကွင်းလုံးပြည့် အားပေးခဲ့
 
ရန်နောင်
(ဗိုလ်တထောင်)  မိုးမခ  ဧပြီ ၁၁ – ၂၀၁၆
 
 
           နှစ်စဉ် ကျင်းပနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်
ရဲ့ မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို  ရန်ကုန်မြို့
တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ကွင်းတွင် ဧပြီလ ၁၀ ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့သည်။
 
          ပွဲအား
ည (၇) နာရီမှ စတင်ပြုလုပ်မည်ဟု ကြေညာထားသော်လည်း ညနေ (၄)နာရီလောက်ကတည်းက ပရိသတ်များမှာ
တဖွဲဖွဲဝင်ရောက်လာကြောင်းလည်း ပွဲစီစဉ်သူမှ ပြောပြခဲ့သည်။စီစဉ်သူ ပြောပြသလိုပင် ဂိတ်ဝသို့
မရောက်ခင် လမ်းမပေါ်ကတည်းက ကားလမ်းများ ပိတ်မိကာ ရှေ့တိုးမရ ၊နောက်ဆုတ်မရ ဖြစ်နေသည်မှာ
အရှေ့မြင်းပြိုင်ကွင်းလမ်းမတွင် တွေ့မြင်ခဲ့ရသည်။
          စိုင်းစိုင်းခမ်းလှိုင်သည်
မွေးနေ့ အထိမ်းအမှတ်အဖြစ် စင်မြင့်ဖျော်ဖြေပွဲကို ထူးခြားဆန်းပြားသော စတိတ်ခ်ျများ၊
ဖျော်ဖြေမှုများဖြင့်တင်ဆက်ခဲ့သည်မှာ (၁၁) ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။
 
          ဒီနှစ်တွင်လည်း
ထူးခြားစွား စင်ပေါ်တွင် လေယာဉ်ပျံတစင်း ကို တင်ထားပြီး ထိုလေယာဉ်ပျံပေါ်တွင် ဒီဂျေညီညီဆွေက
တက်ကာဖျော်ဖြေခဲ့သည်။
 
          ဖျော်ဖြေပွဲ
ပထမပိုင်းကို   ဒိတ်ဒိတ်ကြဲ သီချင်း နှင့် စတင်သီဆိုဖျော်ဖြေပြီး
တောဂေါ်လီ၊ ဖုတ်လိုက်ဖုတ်လိုက်၊ အမြဲတမ်းယုံကြည်၊ နားနားနား၊ သူငယ်ချင်းလေးပါတဲ့၊ နွေရာသီလမ်းခွဲ၊
အပြာရောင်လမ်းခွဲ၊လူကြမ်းလေး။အထီးကျန်၊ သူငယ်ချင်းများစွာ သီချင်းများကို သီဆိုခဲ့သည်။
သီရိဆွေ၊ နန္ဒစိုင်း၊အိမ့်ချစ်၊ ချစ်ကောင်းတို့မှ လည်း  Featuring
သီဆိုပေးခဲ့ကြသည်။
 
 
          ထို့နောက်
မိစန္ဒီမှ သီဆိုဖျော်ဖြေခဲ့သည်။
 
          ဒုတိယပိုင်းအစီအစဉ်ကို
စတင်သောအခါ မိုးမိုးနှင့်တွဲ%

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts