News Yan Naung (Bo Ta Htaung)

စော်ဘွားလေး ဗိုလ်ဗိုလ်မောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ပွဲ ပြုလုပ်

စော်ဘွားလေး ဗိုလ်ဗိုလ်မောင်အား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့
ချီးမြှင့်ပွဲ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ          ဧပြီ ၄ – ၂၀၁၆

 

 
          နှစ်ပေါင်းများစွာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတခုအဖြစ်
ရေရှည်ရပ်တည်နိုင်ခဲ့သော စတီးဘလိတ်ဓားသွား ဆူးကြိုးလုပ်ငန်း လုပ်ကိုင်သူ စော်ဘွားလေး
ဗိုလ်ဗိုလ်မောင်အား Akamai University , Hawaii, U.S.A မှဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားအား
မတ်လ ၂၇ ရက်နေ့လယ် ၂ နာရီ၌ ကျင်းပရာ အဆိုပါ အခမ်းအနား၌ ဒေါ်တင်မိုးလွင်မှ အခမ်းအနားမှူး
အဖြစ် ဆောင်ရွက်ခဲ့သည်။
 

 

          အခမ်းအနား၌ Akamai University မှ ပါမောက္ခ
Dr.Ban Lee  ကိုယ်တိုင် လာရောက်ချီးမြှင့်ခဲ့ခြင်း
ဖြစ်ပြီး စော်ဘွားလေးဗိုလ်ဗိုလ်မောင် Co.LTd ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဗိုလ်ဗိုလ်မောင်ကို
ဆုချီးမြှင့်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ စော်ဘွားလေးဒေါက်တာဗိုလ်ဗိုလ်မောင်မှာ
စီးပွားရေးလောက၌ နာမည်ပျက်မရှိဘဲ အများကျိုးဆောင်ရွက်နိုင်သူဖြစ်သလို ပြည်တွင်း၌လည်း
အများလိုအပ်နေသည့် လုပ်ငန်းကို နှစ်ပေါင်းများစွာရပ်တည်ဆောင်ရွက်ပေးနိုင်သူဖြစ်သောကြောင့်
Doctor of Philosophy Honoris Causa in Business Admistration ကို Akami
University,Hawaii, U.S.A မှ ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။ စော်ဘွားလေး
ဗိုလ်ဗိုလ်မောင် Co.LTd အား အဆောင် ၁၁၇၊ အခန်း ၅ ကမ္ဘာ့ရတနာဘဏ်ဘေး၊စော်ဘွားကြီးကုန်းကားဂိတ်၊
အင်းစိန်၊ ရန်ကုန် နှင့်နေပြည်တော်၊ မန္တလေး အစရှိသည့် တိုင်း/ပြည်နယ်များတွင် ဖွင့်လှစ်ထားကြောင်း
သိရှိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts