ေ ဆာင်း လူ – သ တ င်း များ
ဧပြီ ၂၊ ၂၀၁၆
နံနက်ခင်း သတင်းများ ….
ထူးတာလည်း ထူး .. ဆန်းတာလည်း ဆန်း …
ကိုယ်နေဟန်အမျိုးမျိုးနဲ့ ဆယ်လ်ဖီဆွဲခြင်းက
အရှေ့မြောက်ဖျား တိုက်ပွဲကြား
လင်သေ သားပျောက် မိခင်တယောက်ရဲ့ ငိုကြွေးသံက တိမ်မြှုပ် …။
သတင်းများ
ဆန်းသထက် ဆန်းလာခြင်းက …
ကမ္ဘာ့အရှေ့ခြမ်းက တခမ်းတနား ဖောဖောသီသီ ရေပွဲတော်တွေအကြောင်းမှာ
ကမ္ဘာ့တောင်ခြမ်းက ရေငတ်ခြင်း ပြဿနာက တိမ်မြှုပ် …။
သတင်းများ
ထူးသထက် ထူးလာခြင်းမှာ
အတွင်းရေးမှူးချုပ်ရဲ့ စိုးရိမ်မိပါတယ် စိုးရိမ်မိပါတယ် စကားသံကြောင့်
ထမင်းဆာလို့ ငိုကြွေးနေရတဲ့ မိဘမဲ့ကလေးတယောက်ရဲ့ငိုကြွေးသံက တိမ်မြှုပ် ….။
သတင်းများ ….
သတင်းများ ….
လျှာမရှိတဲ့ မိကျောင်းတွေ အရသာခံခြင်းမှာ
ခြေထောက်နှစ်ခြောင်းနဲ့ ရေမြွေတွေ ကြောင်လျှောက် လျှောက်နေကြတဲ့အကြောင်း ….။
ဥဏှောက်နည်းရှာတဲ့ ပုဇွန်တွေ တောင်တွေး မြောက်တွေးမှာ
တစ်တီတူးတွေ ကောင်းကင်ကို စုန်ကန်နေကြရတဲ့အကြောင်း …။
ရေမြင်းတွေ လိပ်ပြာကူး ကူးခြင်းနဲ့
ငါးမန်းတွေ ဥပုလ်စောင့်တဲ့အကြောင်း …။
လေပျော်ငှက်တွေနဲ့
ရေပျော်ငါးတွရဲ့ သည်းထန်တဲ့ တိုက်ပွဲများအကြောင်း ….။
ဟိုအကြောင်း …
ဒီအကြောင်းများမှာ ….
လိပ်ဥတွေ ဘုရားဖူးမယ့်သူကို စောင့်မျှော်နေတဲ့အကြောင်း ….။
ဘုရားဖူးတွေ လိပ်ဥပေါ် ဖင်ခုထိုင်ထားတဲ့အကြောင်း ….
ဟိုအကြောင်း …
ဒီအကြောင်း …
ဟိုသတင်း ….
ဒီသတင်းများမှာ
သတင်းကြိုက်သူတွေ ရှားရှားလာသလောက် …
အတင်းကြိုက်သူတွေက ခေတ်ပိုဆန်ဆန်လာကြတယ် …။
ဧပြီ ၂၊ ၂၀၁၆ (နံနက် ၉း ၃၆ နာရီ)