News Yan Naung (Bo Ta Htaung)

နေမ ဝင် ဆည်းဆာ အနုပညာပွဲတော် စည်ကားသိုက်မြှိုက်စွာဖြင့် နှစ်ရက်တာ ကျင်းပခဲ့

နေမ ဝင် ဆည်းဆာ အနုပညာပွဲတော် စည်ကားသိုက်မြှိုက်စွာဖြင့်
နှစ်ရက်တာ ကျင်းပခဲ့
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ
မတ် ၂၉ – ၂၀၁၆

 

 

 
 
          အနုပညာဆည်းဆာရိပ်
ဘိုးဘွားရိပ်သာ၏ ရံပုံငွေအလှူပွဲတော်အဖြစ် ရုပ်ရှင်၊ဂီတ၊သဘင်၊စာပေ၊ပန်းချီ၊ ကာတွန်း
နယ်ပယ်အသီးသီးမှ နိုင်ငံကျော်အနုပညာရှင်ပေါင်းများစွာ ပါ
ဝင်လှူဒါန်းကူညီကြသည့် နေမ ဝင်ဆည်းဆာ အနုပညာပွဲတော်ကြီးကို ရန်ကုန်မြို့
ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံကြီးတွင် မတ်လ ၂၅ ၊၂၆ နှစ်ရက်တိုင်တိုင်
ကျင်းပပြုလုပ်ခဲ့သည်။
 
          မတ်လ ၂၅
ရက်နေ့ နံနက် ၉း၃၀ တွင် ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး  စာရေးဆရာများက အမျိုးသားဇာတ်ရုံရှေ့တွင် မိမိတို့ရေးသားသောစာအုပ်များကို
ကိုယ်တိုင်လက်မှတ်ထိုးကာ ရောင်းချပေးခဲ့ပြီး ရောင်းချရသမျှငွေများကို လှူဒါန်းခဲ့သည်။  အမျိုးသားဇာတ်ရုံအတွင်းတွင်လည်းစာပေတိုက်များမှ
စာအုပ်ဆိုင်များ ဖွင့်လှစ်ကာ ရောင်းချနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
 
          စာရေးဆရာများ
ဖြစ်ကြသော ဆရာနေ

ဝင်းမြင့်၊ ဆရာချစ်ဦးညို၊
ဆရာစောေ ဝ၊ဆရာမ နီနီနိုင်(သထုံ)၊ဆရာမမိချမ်းေ ဝ အစရှိသော စာရေးဆရာအပေါင်းတို့သည် စိတ်အားထက်သန်စွာဖြင့်
စာအုပ်လာရောက်

ဝယ်ယူသူများအား လက်မှတ်များရေးထိုးပေးနေသလို
စာအုပ် ဝယ်ယူသူများကလည်း စာအုပ်လျှင် အနည်းဆုံး တသောင်းမှ အများဆုံး တသိန်းထိ ပေးကာ
ဝယ်ယူနေကြသည်ကို တွေ့မြင်ရသည်မှာ နှစ်ထောင်းအားရ ရှိလှသည်။
 
          ဆရာသရ ဝဏ်(ပြည်)၏ လက်ရေးစာမူအား ငွေကျပ် ၂၅
သိန်း ဖြင့် ဝယ်ယူသွားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
 
 
          နေ့လယ်
၃နာရီတွင်တော့ ပန်းချီလေလံပွဲကို စတင်ခဲ့သည်။ပန်းချီဆရာကြီး ၆ဦးဖြစ်သော  မောင်ငွေထွန်း၊ဒေါက်တာဦးလွန်းကြွယ်၊ မောင်ကျော်ညွန့်၊
ဦးစောလှိုင် ၊ဦးလှတင်ထွန်း၊ ဦးငွေကိုင် တို့၏ ပန်းချီကားများကို လေလံပစ်ခဲ့ရာ  ကြမ်းခင်းဈေး ဒေါ်လာ ၂၀၀ သတ်မှတ်ထားသော သော်လည်း
ဒေါ်လာ ၄၂၅ နဲ့ ရောင်းချနိုင်ခဲ့သလို ဦးစောလှိုင်၏ ဂွေးချိုည ပန်းချီကားကို ကြမ်းခင်းဈေး
၈၀၀ မှ ဈေးပြိုင်ဆွဲကြရာမှာတေ့ နောက်ဆုံး ဒေါ်လာ ၁၀၂၀ နှင့် အဆုံးသတ်ခဲ့သည်။ ဆရာလှတင်ထွန်း၏
ပန်းချီကားမှာ ကြမ်းခင်းဈေးဒေါ်လာ ၅၀၀ သတ်မှတ်ထားသော်လည်း ဒေါ်လာ ၄၀၀နဲ့သာ ရောင်းချဖြစ်ခဲ့သည်။
ရောင်းချရငွေအားလုံးကိုလည်း ဆည်းဆာရိပ် အနုပညာ ဘိုးဘွားရိပ်သာသို့ လှူဒါန်းခဲ့သည်။
လေလံပွဲတွင် ဆရာစောေ ဝက ဦးဆောင်ခဲ့သည်။

 

 

 
          မတ်လ ၂၅
ရက်နေ့ တွင်  ညနေ ၃နာရီလောက်၌ အမျိုးသားဇာတ်ရုံ
ဝင်းအတွင်းတွင် နိဗ္ဗာန်ဈေးကို ခင်းကျင်းခဲ့ရာ ခိုင်နှင်းေ ဝပရဟိတ အဖွဲ့မှ လာသမျှလူများကို
ကြာဆံကြော်ဖြင့် ကျွေးမွေးဒါနပြုခဲ့ပြီး မိတ်ကပ်ပညာရှင် မကြီးစန်း(ခင်စန်း
ဝင်း) ကလည်း အသုပ်စုံကိုရောင်းချ၍ ရံပုံငွေကို
ရှာဖွေပေးခဲ့သည်။ အသုပ်တပွဲကို တသိန်းဖြင့် စားသုံးသူများကိုလည်း တွေ့ခဲ့ရသည်။ ရွှေငါးမောင်မောင်မှလည်း
အကင်များကို လာရောက်ရောင်းချပေးခဲ့သည်။

 

 

 

 

 
          မတ်လ ၂၅
ရက်နေ့ ညပိုင်း ဖျော်ဖြေမှု အစီအစဉ်တွင်တော့ ရှေးဦးစွာ နိုင်ငံကျော်အဆိုတော်များက သီဆိုဖျော်ဖြေပေးခဲ့ကြပြီး
ဒါရိုက်တာဦးမြတ်ခိုင် စီစဉ်ညွှန်ကြားပြီး ဇာတ်ညွှန်းရေးဆရာ မြင့်ဦးဦးမြင့် တို့ စီစဉ်တင်ဆက်သော
ရက်ပ်ပါသံချပ် အော်ပရာကို စာနယ်ဇင်းဆရာ၊ဆရာမများ၊ မော်ဒယ်လ်သရုပ်ဆောင်များနှင့်အတူ
မိတ်ကပ်ခင်စန်း ဝင်းတို့က ကပြဖျော်ဖြေခဲ့ကြသည်။

 

 

 

 

 
          ထို့နောက်
ပြဇာတ်အစီအစဉ်တွင်  တခေတ်တခါက နာမည်ကျော် လူကြိုက်များခဲ့သော  ဘီအီးဒီအောင်သိုက်၏ မရွှေအထက်တန်းစား ပြဇာတ်ကို ဒါရိုက်တာမိုက်တီးက
ပုံဖော်ကာ ဘီအီးဒီအောင်သိုက်၏ သား ဇော် ဝင်းမောင်က တွဲဘက်ဒါရိုက်တာအဖြစ် စီစဉ်တင်ဆက်ခဲ့သည်။
ထိုပြဇာတ်တွင် ပြေတီဦး၊ မိုးအောင်ရင်၊ ခိုင်သင်းကြည်၊ဖူးစုံ၊ဇင်မျိုး၊ ဧရာ၊ ညီဂျော်၊
သီရိယဉ်ကျေးသူ၊ စိုးသီဟ၊ အောင်ဇော်မင်း နှင့် ဦးပြောင်တို့ ပါ ဝင်သရုပ်ဆောင်ခဲ့ကြသည်။
 
 
          ဒုတိယနေ့
အစီအစဉ်တွင် အလင်္ကာ ဝတ်ရည်တေးဂီတ အဖွဲ့နှင့်အတူ မြန်မာသံစဉ်တေးသီချင်းများကို သီဆိုခဲ့ပြီး
ဒါရိုက်တာ ဦးမြတ်ခိုင် စီစဉ်တင်ဆက်သော ဆည်းဆာသစ် အော်ပရာကို ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်း
အဖွဲ့နှင့်အတူ စာနယ်ဇင်းဆရာများက သရုပ်ဆောင်ခဲ့ကြသည်။ထို အစီအစဉ်တွင် ဦးချမ်းသာကလည်း
ကပြဖျော်ဖြေခဲ့သည်။

 

 

 

 
 
          တင်မောင်ဆန်းမင်း
ဝင်း၊ ဟန်ဇာမိုး

ဝင်း ၊တင်ဇာမိုး ဝင်းတို့မှလည်း
သဘင်ဘက်မှ ကပြဖျော်ဖြေခဲ့သည်။ ထို့နောက် ဗိုလ်ကာတွန်းအငြိမ့်ကို ကပြဖျော်ဖြေခဲ့ပြီး  ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) စီစဉ်တင်ဆက်သော
အိုပေမယ့်လည်းစွမ်းပါတယ် ပြဇာတ်ကို ကပြဖျော်ဖြေခဲ့သည်။ ထိုပြဇာတ်တွင် လူမင်း၊မင်းမော်ကွန်း၊
မင်းဦး၊ ထွန်းထွန်း၊ အောင်မင်းခန့်၊ အရိုင်း၊ကင်းကောင်၊ငှက်ပျောကြော်၊ ဖိုးဖြူ၊ညောင်ညောင်၊ကိုပေါက်၊
ဟိန်းမင်း၊စန္ဒီမြင့်လွင်၊တို့ ပါ
ဝင်သရုပ်ဆောင်ထားကြသည်။
 
          အနုပညာဆည်းဆာရိပ်
ဘိုးဘွားရိပ်သာ ရံပုံငွေအတွက် နေမ ဝင်ဆည်းဆာ အနုပညာပွဲတော်ကြီးတွင် စာပေ၊ရုပ်ရှင်၊သဘင်၊ဂီတ
စုံလင်စွာ ပါ

ဝင်ခဲ့ပြီး လိုအပ်သောရံပုံငွေကို
အားလုံးအနုပညာကြေး မယူဘဲ ရှာဖွေပေးခဲ့ကြရာ သိန်းရှစ်ရာ နီးပါးမျှ ရခဲ့သည်ဟုလည်း သတင်းရရှိခဲ့သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts