ကဗျာ

နီလာမိုးဆွေ – ပန်းတိုင်းပွင့်စေလို

  နီလာမိုးဆွေ – ပန်းတိုင်းပွင့်စေလို
(မိုးမခ) မတ် ၂၂၊ ၂၀၁၆

ခွင်းနေရင်းနဲ့ကို
ကွင်းနေတဲ့
ဒီလောက…။

ကံတရားဆိုတာ
သားသမီးနဲ့မိဘလို
ရွေးချယ်ခွင့်မပေးခဲ့လေဘူး….။

ဒါပေမဲ့….။

ကံတရားဆိုတာ
ဆူးကိုနင်းနေသရွေ့
နတ်သုဒ္ဓါတော့ဖြစ်မလာလေဘူး…။

ကံတရားဆိုတာ
ကိုးကွယ်ဆည်းကပ်သင့်တဲ့
ပစ္စေကဗုဒ္ဓ မဟုတ်လေခဲ့ဘူး….။

ကံတရားဆိုတာ
ကောင်းကင်မှာကြယ်မစုံသေးရင်
ခေါင်းလောင်းသံတိတ် လွယ်အိတ်ချိတ်…။

ဟေ့…ကြည့်စမ်း
ဖွားဘက်တော် အသင်္ချေတွေကြောင့်
စိမ်းစိမ်းစိုမြက်တွေ မတ်မနိုင်တော့ဘူး..။။

နီလာမိုးဆွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts