စာစုတို ဆောင်းလူ

ဆောင်းလူ – စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)


ဆောင်းလူ – စားကောင်းရုံလုပ်ကြတဲ့ လောကကြီး (၂)
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

ကျုပ်လား …
ခုတော့ဗျာ … အသက်ကလည်း ကြီးလာ … အရင် ဟိုးငယ်တုန်းကလို အရာရာက သန်တုန်း မာတုန်း မဟုတ်လေတော့ တချို့ဟာတွေက ပေါင်းစားလာရတယ်ဗျာ ..။ ပေါင်းစားမှလည်း နူးပြီး အိနေတာကိုးဗျ ..။ ပေါင်းစားဆို သွားတွေကလည်း ခပ်နဲ့နဲ့ဖြစ်လာပြီလေ .. …။ အသက်ကြီးလေ ပေါင်းစားသင့်လေပဲဗျ ..။

ဟိုဟာပဲ ပေါင်းပေါင်း
ဒီဟာပဲ ပေါင်းပေါင်း
ဘယ်လို ဘယ်နည်းနဲ့ပဲ ပေါင်းပေါင်း …
ပေါင်းစားရင် ကျုပ်က အကုန်ကြိုက်တာချည်းပဲ …။

ဗျာ …
….. ….. ….
ကျုပ်လား … ဘယ်နေမလဲ … ပေါင်းစားပါတယ်ဗျာ ..။

ကျုပ်လို ဟိုမတတ် ဒီမတတ်၊ အတန်းပညာ ကမျောက်ကခြောက်က ပေါင်းစား၊ မြှောက်စား၊ ခြောက်စားတာ အကောင်းဆုံး ပဲလေ …။ ခင်ဗျား မေးမှ လမ်းကြောင်းတွေ ချော်ကုန်ပါပြီ။ ကျုပ်က နူးအိနေအောင် ပေါင်းစားတာကို ပြောနေတာ …။
ပေါင်းစားတာလွယ်ပါတယ်ဗျာ … ပေါင်းတတ်ဖို့ပဲ လိုတာ …။

သူ့အကြိုက် …

ကိုယ့်အကြိုက်ပေါ့ … ဟဲ ဟဲ …
ဖြစ်နိုင်ရင်ဗျာ ခေါင်းပေါင်းတောင် နူးနူးအိအိလေးဖြစ်အောင် ပေါင်းစားချင်တာ .. ဟဲ ဟဲ ဟဲ …။ ဘာပဲဖြစ်ဖြစ်ဗျာ … ၀ါးရ သက်သာ … နင်တာ သက်သာတာပေါ့ ….။ ရှလွတ် ရှလွတ်နဲ့ဆိုတော့ … အ၀င်ကောင်းတော့ … များများစားစား ပိုမျိုနိုင်တာ ပေါ့ဗျာ …။

ကျုပ်ကြည့်ပါလား …..
ကျုပ်ရုပ်တောင် ပေါင်းစားရုပ်ပေါက်နေတာ ….
ပွစိ ပွစိနဲ့ …။

သြော် …
ဒါလား ….
တခါတလေ အမျိုမတတ်တော့လည်း … ကံဇာတာအလိုအရ နင်တာပေါ့ဗျာ …။ ဘယ်တတ်နိုင်မလဲ … ကိုယ်မှ အမျိုမတတ် တာ …။

ဒါ့ကြောင့် ပြောတယ် ….
တောင်းမစားနဲ့ …
ပေါင်း စား ကြ ပါ
ပေါင်း စား ကြ ပါ လို့ …။

 

အဓိက …  ပေါင်းတတ်ဖို့ပဲ လိုတာပါဗျာ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts