ကဗျာ ဆောင်းလူ

ဆောင်းလူ – ရာစုသစ် ပိုးမွှားများ

 ဆောင်းလူ – ရာစုသစ် ပိုးမွှားများ
မတ် ၁၄၊ ၂၀၁၆
ရောင့်ရဲရ ခက်လွန်းသော
အလောင်းအစားများ
ဆယ်ခါလျော် တခါစားနဲ့
နာနာကျင်ကျင် ရှိုက်ကြီးတငင် ငိုတတ်ကြ …။

နေရာတကျမရှိသော တံခါးများ
အစားထိုးမလွယ်တဲ့ သော့တံတချောင်းနဲ့
အဝင်အထွက် လွယ်မယောင်မှာ
အယောင်အယောင် အနနနဲ့
တွားသွားလမ်းတွေပေါ်မှာသာ ခြေချ
လားရာလမ်းတွေဟာ ခေါက်ရိုးကျိုး ကျေမွစေပေါ့ … ။

အမျိုးအမည်ကွဲနဲ့
ခိုက်တတ်သော စကားများ
အရှိုက်တည့်တည့်ကို ထိုးနှက်
မာယာများသော ဥပေက္ခာနဲ့
ဟင်းလင်းပြင် ခေါင်တီးတီးမှာ
လေကောင်းလေသန့်ကိုသာ
ခြောက်ခြောက်ကပ်ကပ် ရှူရှိုက်ပျော်ဝင်ကြ …။

စည်းရုံးရမလွယ်တဲ့ ရာစုဟာ
ဒီတခါမတော့ …
ပိုးမွှားတွေနဲ့ ရှုပ်ထွေးစ ပြုလာစေပြီပေါ့ …။

သောကြာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၀ ခုနှစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts