News Yan Naung (Bo Ta Htaung)

(၆) နှစ်သား အက်ဖ်အမ် ပုဂံ နှစ်ပတ်လည်အထိမ်းအမှတ်ဖျော်ဖြေပွဲ ပြုလုပ်

 (၆) နှစ်သား  အက်ဖ်အမ် ပုဂံ နှစ်ပတ်လည်အထိမ်းအမှတ်ဖျော်ဖြေပွဲ
ပြုလုပ်
 
ရန်နောင်(ဗိုလ်တထောင်)       မိုးမခ        မတ်လ ၁၀ – ၂၀၁၆

 

 

 
          အက်ဖ်အမ်ပုဂံ၏ ခြောက်နှစ်ပြည့်အထိမ်းအမှတ်
ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ အမ်စီစီ ခန်းမတွင်
မတ်လ (၉) ရက်နေ့ ညနေ (၇) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          ထိုဖျော်ဖြေပွဲတွင်
အစီအစဉ်တင်ဆက်သူများအဖြစ် သရုပ်ဆောင် အရိုင်းနှင့် အဆိုတော် ဆန်းသစ်လတို့မှ ဆောင်ရွက်ခဲ့ပြီး  ဒဏ္ဍာရီ အပါအ ဝင် ရုပ်ရှင်ဇာတ် ဝင်တေးများကို ရုပ်ရှင်သရုပ်ဆောင်များက
သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

          တခေတ်တခါက
အောင်မြင်ကျော်ကြားခဲ့သော ရုပ်ရှင်ဇာတ်ကားများ၏ ဇာတ်
ဝင်တေးများကို ယနေ့ခေတ် သရုပ်ဆောင်များက
ပြန်လည်ဆန်းသစ်ကာ သီဆိုသော  အစီအစဉ်ဖြစ်သဖြင့်
သီချင်းများသီဆိုနေစဉ် ရုပ်ရှင်ဇာတ်လမ်းပြကွက်များကို လည်း ပြသပေးခဲ့သည်။

          ရှေးဦးစွာ
ပုဂံယဉ်ကျေးမှုအကအလှဖြင့် စတင်ဖျော်ဖြေပြီး
စည်သူဗိုလ်ကလေးတင့်အောင်မှ အမှတ်တရစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးကို
အင်ပါရာတီး ဝိုင်းနှင့် စည်သူလွင်မှ စတင်သီဆိုဖျော်ဖြေခဲ့သည်။

စိုးပြည့်သဇင်




          ဆက်လက်၍
နှလုံးသားမြို့တော် ရုပ်ရှင်သီချင်းကို စိုးပြည့်သဇင်မှ သီဆိုဖျော်ဖြေခဲ့သည်။ စိုးပြည့်သဇင်
မသီဆိုမီ နှလုံးသားမြို့တော် ဇာတ်ကားတွင် ပါ ဝင်သရုပ်ဆောင်ခဲ့သူများဖြစ်သောအကယ်ဒမီနေအောင်နှင့်
အကယ်ဒမီ ခင်သီတာထွန်းတို့မှ အမှတ်တရစကားများ ပြောကြားပေးခဲ့ကြသည်။

          အကယ်ဒမီနေအောင်မှ
ပြောကြားရာတွင် ` ဒီကားရိုက်တုန်းက တကယ်သင်္ကြန်လည်းမဟုတ်၊တကယ်လည်းရေမပါဘဲနဲ့ ချမ်းတယ်၊ချမ်းတယ်
အော်ရတာ တမျိုးကြီးပဲဗျာ ´ ဟု အမှတ်တရပြောခဲ့သည်။

          အကယ်ဒမီခင်သီတာထွန်းမှလည်း
` ဒီကားလေး ပြီးတော့ ရဲမေတပ်ထဲ
ဝင်ကြတဲ့
အမျိုးသမီး တွေ တော်တော်များများဖြစ်သွားတာတော့ အမှတ်တရပါပဲ ´ဟု ပြောခဲ့သည်။

ဆန်းသစ်လ၊ အေဝမ်းသိန်းထွဋ်၊ အရိုင်း

 

မင်းဦး






          ထို့နောက်
မာနမင်းသား ရုပ်ရှင်သီချင်းကို အကယ်ဒမီမင်းဦး မှသီဆိုခဲ့သည်။ မာနမင်းသား ဇာတ်ကားနှင့်
ပတ်သက်၍ အမှတ်တရစကားကိုတော့ ထိုဇာတ်ကားတွင် သရုပ်ဆောင်သူ အေ ဝမ်းသိန်းထွဋ် က ပြောကြားခဲ့သည်။ထိုဇာတ်ကားတွင်
ကျော်သူ၊မို့မို့မြင့်အောင်တို့ သရုပ်ဆောင်ခဲ့ကြသည်။

ဝိုင်းစုခိုင်သိန်း




          ဆက်လက်၍
တိတ်တခိုးအချစ်ရုပ်ရှင် သီချင်းကို ဝိုင်းစုခိုင်သိန်းမှ သီဆိုဖျော်ဖြေခဲ့သည်။
မူရင်းအဆိုရှင် အဆိုတော် မီမီ
ဝင်းဖေမှ
အမှတ်တရ စကားပြောကြားပေးခဲ့သည်။

အိမ့်ချစ်






          ထို့နောက်
ဖျော်ဖြေရေးအစီအစဉ် အဖြစ် အိမ့်ချစ်မှ ဖျော်ဖြေခဲ့ရာ  သူ၏ သီချင်းနှစ်ပုဒ်အပြင် ရုပ်ရှင်သီချင်းတပုဒ်ဖြစ်သော
ချစ်သောမောင်မောင် သီချင်းကို သီဆိုဖျော်ဖြေခဲ့သည်။

ဆုပန်ထွာ




          ဆက်လက်ကာ
ကိုကိုဘာလို့မုန်းတာလဲ ရုပ်ရှင်သီချင်းကို မသီဆိုမီ ကွယ်လွန်သူသရုပ်ဆောင်မင်းသားပြေငြိမ်း၏
ဖခင်ဖြစ်သူ ဒါရိုက်တာ၊သရုပ်ဆောင်ဦးမောင်မောင်မြင့်က အမှတ်တရစကားပြောကြားခဲ့ရာတွင်
` ဒီပွဲဟာ ပျော်ရွှင်စရာပွဲတပွဲဖြစ်ပေမဲ့ သားသား (ပြေငြိမ်း) မရှိတော့တဲ့အတွက် အလွန်ပင်စိတ်မကောင်းဖြစ်ရပါတယ်၊
မမွှေး၊ မောင်မောင်၊သားသားတို့ သူငယ်ချင်းခြောက်ယောက် အတူတူတက်လာကြတာ ခုလိုပွဲမျိုးမှာ
သားသား မရှိတော့ ဝမ်းလည်းနည်း ဝမ်းလည်းသာရပါတယ်။ ပုဂံကို ကျနော် ၁၉၅၇ မှာ ရောက်တော့
ကန်တော့ပလ္လင် ဘုရားကို ဓါတ်ပုံရိုက်ပြီး ဆုရခဲ့သလို ခု သားသား သရုပ်ဆောင်ခဲ့တဲ့ ဒီကား
ရုပ်ရှင်သီချင်းကို ပုဂံအက်ဖ်အမ်က ပြန်လည်ဖော်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ´ ဟုပြောကြားခဲ့သည်။
ကိုကိုဘာလို့မုန်းတာလဲ ရုပ်ရှင်သီချင်းကို သရုပ်ဆောင်၊အဆိုတော် ဆုပန်ထွာမှ သီဆိုခဲ့သည်။

မင်းမော်ကွန်း




          ထို့နောက်
အကယ်ဒမီ မင်းသားကြီး ဦးညွန့် ဝင်း နှင့် မင်းသမီးကြီး ခင်ယုမေ တို့ ပါ ဝင်သရုပ်ဆောင်ထားသော
ပန်းတွေနဲ့ေ ဝရုပ်ရှင်  ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာမောင်
ဝဏ္ဏ  ၏ သားကြီး သရုပ်ဆောင်ပြေဇင်မှ အမှတ်တရ
စကား ပြောကြားပေးခဲ့ပြီး သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းမှ သီဆို ဖျော်ဖြေခဲ့သည်။

ဟဲလေး

 

ဆုန်သင်းပါရ်

 

ဇော်ပိုင်

 

          ထို့နောက်
ဟဲလေး၊ဇော်ပိုင် နှင့် ဆုန်သင်းပါရ် တို့မှ သီဆိုဖျော်ဖြေခဲ့သည်။

ချစ်သုဝေ

 

          ဆက်လက်၍
ငယ်သူမို့ မသိပါ ရုပ်ရှင်သီချင်းကို ထိုဇာတ်ကားတွင် သရုပ်ဆောင်သူ ချစ်သုေ ဝ မှ သီဆိုဖျော်ဖြေခဲ့ပြီး
ထိုဇာတ်ကား၏ ဒါရိုက်တာ အိအိခိုင် မှ အမှတ်တရ စကား ပြောကြားခဲ့သည်။

          ဒါရိုက်တာ
အိအိခိုင်မှ ပြောကြားရာတွင် ` ဒီကားကို အရင်က
ဦးနန္ဒ ရိုက်ခဲ့ပါတယ်။ ကျမ ရိုက်မယ်ဆိုတော့ ကားနာမည် ပြောင်းဖို့ လုပ်သေးတယ်။
မင်းသမီးကို ချစ်သုေ ဝကို ရွေးလိုက်တော့ အဲဒီအချိန်တုန်းက ချစ်သုက ဖလင်ကို အရမ်းကြောက်တဲ့
မင်းသမီးအသစ်လေးပါ၊ နောက်တော့လည်း ဂျစ်တူး ဖြစ်သွားပါတယ် ´ ဟု အမှတ်တရ ပြောပြခဲ့သည်။

          ခ်စ္သုေ
ဝ ကလည်း ထိုဇာတ်ကားတွင် သရုပ်ဆောင်စဉ်က ဝတ်ဆင်ခဲ့သော ဝတ်စုံကို ဆင်မြန်း၍ သီဆိုခဲ့သည်။

ရဲအောင်




          ထို့နောက်
ပုစ္ဆာဆန်သောမိန်းကလေး ရုပ်ရှင်သီချင်းကို ရေးသားသူ
သမန်းကျားကိုမြင့်က အမှတ်တရစကား ပြောကြားရာတွင် ` ဒီသီချင်းရေးဖြစ်တာက ကိုဇော်မင်းယုကြောင့်ပါ၊
ကျနော့် ဘကြီးဦးတင်ယုက ဒီကားကိုရိုက်ဖို့လုပ်တော့ ဒီသီချင်းကို ရေးဖြစ်အောင် ကိုဇော်မင်းယု
က တိုက်တွန်းပေးခဲ့တာပါ၊ ဒီသီချင်းရေးမယ်လုပ်တော့ ကျနော် ဇော် ဝမ်းကို အိမ်ခေါ်ပြီး
ကျနော့်ဂစ်တာအစုတ်လေးနဲ့ ရေးခဲ့ကြတာပါ။ နောက် သီချင်းသွင်းတော့ ကျနော့် မွေးဆရာ (မွေးကတည်းက
သင်ပေးခဲ့တဲ့ဆရာ) ဖြစ်တဲ့ ဂီတလုလင်မောင်ကိုကို တို့ ဝိုင်းနဲ့ အသံသွင်းခဲ့တာပါ။ အဲဒီသီချင်းသွင်းနေချိန်မှာ
ဘေးနားမှာ တကယ့် နိုင်ငံကျော် အကျော်အမော်ကြီး လာကြည့်နေပါတယ်။ သူက အကယ်ဒမီကို ဝင်းဦးပေါ့။
သူလာကြည့်နေတယ်ဆိုတော့ ကျွပ်တာပေါ့။ နောက်သီချင်းလည်း ပြီးရော သူ ကျနော့်လည်ပင်းကို
ညှစ်ပြီး ငါ့လည်း အဲလိုသီချင်းမျိုးရေးပေး ပြောတာတော့ အမှတ်တရပါပဲ ´ ဟုပြောကြားခဲ့သည်။

          ထို ပုစ္ဆာဆန်သောမိန်းကလေး
သီချင်းကို အကယ်ဒမီရဲအောင် မှသီဆိုခဲ့သည်။

          ဆက်လက်၍
အယ်လ်ဆိုင်းဇီမှ သီဆိုဖျော်ဖြေပေးခဲ့သည်။

အယ်လ်ဆိုင်းဇီ




          ထို့နောက်  မောင့်မူပိုင်ရှင် ရုပ်ရှင် သီချင်း အမှတ်တရကို  အကယ်ဒမီထွန်းထွန်း ဝင်းမှ ပြောကြားပေးခဲ့ပြီး မောင့်မူပိုင်ရှင်
ရုပ်ရှင်သီချင်းကို အကယ်ဒမီချစ်စနိုးဦးမှ သီဆိုခဲ့သည်။

ပလေးဘွိုင်းသန်းနိုင်

 

ဇော်ဝင်းထွဋ်




          အစီအစဉ်တွင်
မပါသော ပလေးဘွိုင်းသန်းနိုင် မှလည်း  သီချင်းတပုဒ်ဖြင့်သီဆိုဖျော်ဖြေခဲ့သလို
စီစဉ်သူ အဆိုတော် ဇော် ဝင်းထွဋ်  နှင့် တွဲဖက်၍  အ ဝါရောင်လမ်းကလေး သီချင်းအား သီဆိုဖျော်ဖြေခဲ့သည်။

          ထို့နောက်ဇော်
ဝင်းထွဋ်မှလည်း  အင်ပါရာနှင့် တွဲဖက်၍ သူ၏  လူစီးရီးမှ သီချင်းတပုဒ်ဖြင့် ဖျော်ဖြေပြီး အီတိုး
နှင့် သူငယ်ချင်းများ တီး ဝိုင်းဖြင့် မောင့်မူပိုင်ရှင် ရုပ်ရှင်သီချင်းဖြစ်သော မူပိုင်ရှင်မကြီး
မမခိုင် ကို သီဆိုဖျော်ဖြေပြီး ဖျော်ဖြေပွဲကို ရုတ်သိမ်းခဲ့သည်။

          ထို ဒဏ္ဍာရီ
အပါအ

ဝင်ရုပ်ရှင်သီချင်းများ
အပိုင်း(၁)  Audio CD ကို မတ်လ(၆) ရက်နေ့တွင်
စတင်ဖြန့်ချိခဲ့ပြီး ထိုအခွေ ဝယ်ယူသူများအား အခမဲ့ ဖျော်ဖြေပေးသော ပွဲလည်းဖြစ်သဖြင့်
အမ်စီစီ ခန်းမ တခုလုံးပြည့်ကာ ရှိသော်လည်း စားသောက်စရာများ ရောင်းချသူများ ရောင်းမကောင်းခဲ့သောပွဲလည်း
ဖြစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

          ထိုအခွေတွင်
ပါ
ဝင်သီဆိုထားသော နေတိုး၊ကျော်ကျော်ဗို၊ထွန်းအိန္ဒြာဗိုတို့မှာ
ခရီးလွန်နေသဖြင့် လာရောက်သီဆိုနိုင်ခြင်းမရှိခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

          လက်မှတ်မပေးသော
အခမဲ့ ပွဲ ဖြစ်သော်လည်း အ ဝင်ပေါက်တွင်တော့ မှောင်ခိုလက်မှတ်ရောင်းချနေသူများကိုကား
တွေ့မြဲ တွေ့ခဲ့ရပါသည်။

          မည်သို့ပင်ဆိုစေကာမူ
အက်ဖ်အမ်ပုဂံ၏ ခြောက်နှစ်ပြည့် ဖျော်ဖြေပွဲကား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

 

          

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts