ကဗျာ

မင်းကိုနိုင် – “အမှာ”

 မင်းကိုနိုင် – “အမှာ”
(မိုးမခ) မတ် ၁၀၊ ၂၀၁၆

တောရိုင်းဝါဒဟာ
သူ့ဗျူဟာခင်းကျင်းလို့
မြင်းခြောက်ကောင်က, ရထားနဲ့
ရှေ့ကသွားနှင့်ပြီ
ဖုန်လုံးတွေ အီလို့

ဒီမှာ
ရိက္ခာပါပြီ
ရေဗူးပါပြီ
သီတာခုနှစ်တန် ကျော်နင်းဖို့
လွှာချင်းဖိနပ်လေး စီးကာ
ညီမလေးက မှာတယ်
“ပျိုးခင်းကို စောင့်ရစ်ပါတဲ့ ”

စိတ်ချ ညီမလေး
ဓားရေးတွေ ဘယ်လောက်လာပြပြ
မျိုးစေ့ကောင်းမှန်သမျှ
မတွန့်မဆုတ် သီးပွင့်ကြတာပဲ ။

#‎မင်းကိုနိုင်
(၁၀-မတ်-၂၀၁၆)

(သူ့ဖေ့ဘုတ်ခ်မှ ကူးယူသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts