MPT နဲ့
IC ပေါင်း မန္တလေးမှာ သင်္ကြန်တွင်းဖျော်ဖြေမည်

ရန်နောင်
(ဗိုလ်တထောင်) မိုးမခ မတ် ၈ – ၂၀၁၆
(ဗိုလ်တထောင်) မိုးမခ မတ် ၈ – ၂၀၁၆
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မြန်မာပြည်၏ အကြီးမားဆုံးဆက်သွယ်ရေးကွန်ယက်
ဖြစ်သည့် MPT မှ ရန်ကုန် နှင့် မန္တလေး မြို့ကြီးနှစ်မြို့တွင် ရော့ခ်ဂီတ၊ပေါ့ပ်ဂီတ၊ အကများ၊ဖျော်ဖြေမှုများနှင့်အတူ
စီးမျောခံစားနိုင်စေရန်အတွက် ရန်ကုန်မြို့တွင် Lucky Hand Band နှင့် မန္တလေးမြို့တွင်
Iron Cross Band များဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

သင်္ကြန်ရက်အတွင်း သင်္ကြန်အကြိုရက်ဖြစ်သည့် ဧပြီ ၁၂ ရက်နေ့ (အင်္ဂါနေ့)
ညနေပိုင်း မဏ္ဍပ်ဖွင့်ပွဲ ပြုလုပ်ချိန်မှစပြီး သင်္ကြန်ပွဲတော်ရက်များဖြစ်သည့် ဧပြီ ၁၃
မှ ဧပြီ ၁၆ ရက်နေ့အထိ မနက် ၉နာရီမှ ညနေ ၆နာရီတိုင်အောင် နေ့လယ်စာ စားချိန်သာခဏတာနားပြီး
နေ့စဉ်ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

Mr. Koichi Kawase |
MPT –KSGM Joint Operations ၏ CCO ဖြစ်သူ
Mr. Koichi Kawase က ` သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတို့အတွက် ပျော်စရာအကောင်းဆုံးနဲ့
အထင်ကရအဖြစ်ဆုံးပွဲတော်တစ်ခုပါ။ သုံးစွဲသူ ၁၉သန်းကျော်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေးကွန်ယက်အနေနဲ့
ရန်ကုန်နဲ့ မန္တလေးမှာ အကောင်းဆုံးတေးဂီတအဖွဲ့တွေနဲ့ ပြည်သူအများကို ဖျော်ဖြေနိုင်အောင်
စီစဉ်ပေးနိုင်တဲ့အတွက် ကျေနပ်မိပါတယ် ´ ဟုပြောကြားခဲ့သည်။

လေးဖြူ |
ဗညားနိုင် |
ချစ်စမ်းမောင် |
အိုင်စီမှ အဆိုတော် လေးဖြူ က ` ကျနော်တို့
မန္တလေးမှာ မဖျော်ဖြေဖြစ်တာ ကြာပါပြီ။ သင်္ကြန်ဆိုရန်ကုန်နဲ့ တောင်ကြီးပဲ ဖြစ်နေတာ၊ ဒီနှစ်တော့
မန္တလေးဆိုတော့ အရမ်းကို ရင်ခုန်မိပါတယ်။ ကျနော်တို့ အိုင်စီရဲ့ ပင်တိုင်အဆိုတော်များအပြင်
အမျိုးသမီး အဆိုတော်နှစ်ယောက်ကိုလည်း အားဖြည့်ထားပါတယ် ´ ဟုပြောကြားခဲ့သည်။

မေခလာ |
မန္တလေးမြို့
၊ကျုံးမြောက်ဘက်တွင် တည်ဆောက်ထားမည့် MPT ရေကစားမဏ္ဍပ်တွင် အိုင်စီနှင့်အတူ လေးဖြူ၊ အငဲ
၊ဝိုင်ဝိုင်း၊ တို့ ဖျော်ဖြေကြမည်ဖြစ်သလို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ MPT ရေကစားမဏ္ဍပ်တွင်
Lucky Hand Band နှင့်အတူ ချစ်ကောင်း၊ ဂရေဟမ်၊အောင်ထက်၊ ဂျီလတ်၊မေခလာ၊ဝိုင်းစုခိုင်သိန်း
နှင့် နုနုစိန် တို့က ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

မဏ္ဍပ်ကို
လက်မှတ်ရောင်းချမည်မဟုတ်ပဲ MPT အရောင်းဆိုင်များ မှ မိသားစုများနှင့် လူမှုကွန်ရက်မှ
တဆင့် လျှောက်ထားသူများကို တနေ့လျှင် ရေကစားရန် လက်မှတ်အစောင် သုံးရာပေးသွားမည်ဖြစ်ကြောင်းလည်း
ထပ်မံသိရှိရသည်။

အသေးစိတ်အချက်အလက်များကို
www.mpt.com.mm (or) www.facebook.com/mptofficalpage
တွင် ကြည့်ရှုနိုင်ကြောင်းလည်း သိရှိရသည်။