သတင်းပဒေသာ

မြန်မာပြည်၊ ရန်ကုန်မှာ ငလျင်လှုပ်

မြန်မာပြည်၊ ရန်ကုန်မှာ ငလျင်လှုပ်

(မယ်ခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၄၊ မနက် ၇နာရီ မိနစ် ၄၀ ၀န်းကျင်လောက်တွင် ငလျင်တစ်ခု လှူပ်ရှားသွားကြောင်း သိရပါသည်။ ဒုန်း ဆိုတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရပြီးတဲ့နောက် အနည်းငယ် ပြင်းထန်တဲ့ ငလျင်တစ်ခု လှူပ်ရှားသွားခဲ့ပါသည်။ ငလျင်၏ ရီချာစကေး ၄.၅ နှင့် အထက်ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ငလျင်သည် ဒေးဒရဲ၏ အေ၇ှ့တောင်ဖက် ၁၅မိုင်၊ ကမ္ဘောအေး မြေငလျင်စခန်း၏ အနောက်တောင်ဖက် ၄၈မိုင်အကွာ မြန်မာပြည်တွင်းတနေရာကို ဗဟိုပြ၍ လှုပ်ခတ်သွားပါသည်။ ရန်ကုမြို့နေသူများ ငလျင်ဒဏ်ကို ခံစားသိရှိလိုက်ရပါသည်။

(Earth-report-com နှင့် Mitv news မှကောက်နှူတ်တင်ပြလိုက်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts