ကဗျာ ဆောင်းလူ

ဆောင်းလူ – မျှားခေါ်ခြင်း

  
ဆောင်းလူ – မျှားခေါ်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆

မျှားခေါ်တယ်
တချို့က
ဝတ်လစ်စလစ်ကြိုက်တော့
ဝတ်လစ်စလစ်တွေနဲ့ ရုန်းရုန်း ရုန်းရုန်း …။

မျှားခေါ်တယ်
တချို့က
ရူးသွပ်မှုကြိုက်တော့
ရူးသွပ်မှုတွေနဲ့ ရုန်းရုန်း ရုန်းရုန်း …။

မျှားခေါ်တယ်
တချို့က
နှစ်သက်မှုကြိုက်တော့
နှစ်သက်မှုတွေနဲ့ ရုန်းရုန်း ရုန်းရုန်း …။

တချို့ကလည်း မျှားတယ်
ဒေါသတွေနဲ့ …။

တချို့ကလည်း မျှားတယ်
လောဘတွေနဲ့ ….။

တချို့လည်း မျှားတယ်
သီအိုရီတွေနဲ့ ….။

သူလည်း မျှား
ကိုယ်လည်း မျှားမှာ
အတ္တတူပေမယ့် ….
မျှားခေါ်ခြင်း ဒဿန ကွဲမယ် …

ပိန်လိုက် ဖောင်းလိုက်ဖြစ်နေတဲ့
ရာစုနှစ်ဟာ
မျှားခေါ်ခြင်းအပြုံးအောက်မှာ
အကွဲအကွဲ အပြဲပြဲ …။

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆း ၁၁း ၅၅ နာရီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts