သစ်ကောင်းအိမ် – ကကြိုး

February 18, 2016

သစ်ကောင်းအိမ် – ကကြိုး
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆

မှန်တချပ်ပေါ်မှာ
ငါ့မျက်နှာနဲ့ ရုပ်ဖျက်ထားတဲ့လူတယောက်ပေါ့။

တစုံတရာကို အော်ဟစ်တိုင်တန်းလိုက်တိုင်း
ငါ့လျှာထက်မှာ သူ့စကားလုံးတွေထွက်ကြလာနေကြ။

တစုံတရာကို ဖမ်းဆုပ်ချုပ်ကိုင်လိုက်တိုင်း
ငါ့ပုခုံးသားတွေက သူ့လက်မောင်းတွေ ဆန့်တန်းရှည်ထွက်လာကြ …။

တစုံတရာကို ကုတ်ခြစ်ရွှေ့တိုးလိုက်တိုင်း
င့ါခြေထောက်တွေအောက် သူ့လမ်းမတွေ လျှောက်သွားကြ …။

ငါ့မျက်နှာနဲ့ ရုပ်ဖျက်ထားတဲ့လူတယောက်ပေါ့
လက်ချောင်းတွေရဲ့ စီးချက်ကျနကကုန်မှု
တံစက်မြိတ်တခုအောက်မှာ
အလိုမတူပဲ ရေတလျောက်ဖြစ်နေရှာရဲ့
အဲ့ဒီ
မှန်တချပ်ပေါ်မှာ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ, သစ်ကောင်းအိမ်

Comments are closed.

Archives