ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ညတွန်းလှည်း

ရန်လင်းအောင် – ညတွန်းလှည်း
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

လမ်းကိုက
မီးရောင်ကြည့်ပြီး လူးလွန့်နေရတယ် ။

ရောင်းရေးဝယ်ရေးဟာ
ပွဲတော်ဦးတည့်ရာ ဘီးလှိမ့်ရတာပဲ ။

ဟင်းနံ့ မုန့်နံ့တွေ
အငွေ့ထောင်းထောင်းထ
လွင့်ပျံတက်သွား
ပူပူနွေးနွေးမနက်ခင်းလေးကို
သွေးဆောင်ခေါ်လာမယ်ပေါ့  ။

ညကမ ၻာႀကီးပဲ
အားစမ်းတယ်
တွန်းလှဲမယ်
ညတွန်းလှည်းလေး
တံတားပေါ်တွန်းတက်ခဲ့တယ် ။

ငိုက်မြည်းနေတဲ့ ကြယ်တွေကို
ထည့်မတွေးတော့ဘူး
ထုံအနေတဲ့ လရောင်လည်း
ပြန်မနွှေးတော့ဘူး
မေးပြောခေါ်ထူး ကားမီးရောင်စုံတွေ
ကိုယ့်လမ်းထဲ ဘယ်လာလင်းမလဲ ။

ညတွန်းလှည်းလေး … … …
ညတံတားပေါ်တွန်းတက်ခဲ့တယ်
ညတွန်းလှည်းလေး … … …
ညတံတားပေါ်တွန်းပြန်ခဲ့တယ် … …

ရန်လင်းအောင်
၁၄ . ၂. ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts