ကဗျာ အောင်ဝေး

အောင်ဝေး – တို င်း ပြ ည်ေ လ ရူး သု န် ချိ န်


အောင်ဝေး – တို င်း ပြ ည်ေ လ ရူး သု န် ချိ န်

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
ဒီနေ့ မနက်
တောင်ပံဖြန့်  ပျံဝဲကြည့် လိုက်တော့
လမ်းပေါ်မှာ လူအုပ်ကြီးပါလား။

တိုင်းပြည်မီးလောင်တော့
ဒီလူတွေ ဘယ်ရောက်နေလဲ။

တိုင်းပြည်မီးပျက်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။

တိုင်းပြည်ရေကြီးတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။

တိုင်းပြည်ရေရှားတော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။

တိုင်းပြည်ရေမျောတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။

တိုင်းပြည်ကမ်းတင်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။

တိုင်းပြည်မိုးမှောင်ကျတော့
ဒီလူတွေ ဘယ်ရောက်နေလဲ။

တိုင်းပြည်အရုဏ်ပျက်တော့ရော
ဒီလူတွေ ဘယ်ပျောက်နေလဲ။

အလို-
ဒီနေ့ နံနက်
အရှေ့ ဘက် ပျံဝဲကြည့်လိုက်တော့
လမ်းမပေါ်ဒီလူတွေ
ပြန်ရောက်နေပါလား။

(ထိုစဉ်
ရုပ်မြင်သံကြားပြင်ပေါ်တွင်
ရက်ဘတ်တလာကြီး မျက်နှာပေါ်လာသည်။
ရုပ်မြင်သံကြားနောက်က
အသံထွက်လာသည်)

“တိုင်းပြည်ပျက်သုဉ်းချိန်နဲ့ 
ပြန်လည်တည်ထောင်ချိန်
စီးပွားရှာလို့ အကောင်းဆုံးပဲ” တဲ့။

သြော် … ဒီနေ့ က
နေပြည်တော်မှာ
လူထုအစိုးရသစ်တက်တဲ့နေ့ ဖြစ်နေပါလား။ ။

ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၁၄- ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အောင်ဝေး – တို င်း ပြ ည်ေ လ ရူး သု န် ချိ န်
  1. တော့ ကအောင်ဝေးရယ်။ မထိတ်သာမလန့်သာရှိလိုက်သာတော်။ မြန်မာပြည် လေနှင့်အတူ လျောတော့သည် ဆိုတော့။ ခေါင်းစဉ်မှာ ရွှေဉာဏ်တော် စူးရောက်လွန်းချက်တော်။

Comments are closed.