MPT ၏ အထင်ကရ Branded Store တစ်ခုကို ရန်ကုန်မြို့ ဆူးလေဘုရားအနီး
ဖွင့်လှစ်
ဖွင့်လှစ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဖေဖေါ်ဝါရီလ ၁၀ -၂၀၁၆
မြန်မာနိုင်ငံ၏
ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ စီးပွားရေး နှင့်
လူမှုရေးအချက်အချာဖြစ်သော ရန်ကုန်မြို့တွင် MPT Branded Store တစ်ခုဖွင့်လှစ်ခြင်း အခမ်းအနားကို
ယနေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆူးလေဘုရားအနီး ၊ဗိုလ်ဆွန်ပက်လမ်း နှင့်
မဟာဗန္ဓုလလမ်းထောင့်တွင် တည်ရှိသည့် အဆိုပါအရောင်းပြခန်းသည်
၂၀၁၆ မတ်လကုန်မတိုင်မီဖွင့်လှစ်မည့် အရောင်းပြခန်း ၁၀၀ ကျော်ထဲမှ ပထမဆုံးတခုဖြစ်ပြီး
လက်ရှိသုံးစွဲသူ ၁၈ သန်းကျော်အတွက် ကတ်ပျောက်၊ကတ်ပျက်စီးမှုများ ပြန်လည်လျှောက်ထားနိုင်သည့်
ဝန်ဆောင်မှုအပါအဝင် အခြားသောလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများရယူနိုင်သည့် MPT ကိုယ်ပိုင်အမှတ်တံဆိပ်
အထင်ကရ အရောင်းပြခန်းတခု ဖြစ်လာမည်ဖြစ်သည်။

မြန်မာပြည်တစ်ဝှမ်းတွင်
MPT အရောင်းဆိုင်ပေါင်း ၈ သောင်းကျော်ရှိနေပြီဖြစ်သည့်အပြင်
ထိုဆိုင်များတွင် MPT Sim ကတ်များ၊ ငွေဖြည့်ကတ်များ ဝယ်ယူနိုင်ပြီး MPT ၏ ဝန်ဆောင်မှုများနှင့်
အထူးအစီအစဉ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

MPT –
KSGM Joint Operation ၏ CCO ဖြစ်သူ Mr.
Koichi Kawase က ` MPT က ၂၀၁၆ ခုနှစ်မှာ သုံးစွဲသူအားလုံးအတွက်
လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေကို မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့က ကွန်ရက်တွေကိုလည်း
ချဲ့ထွင်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာပြည်သူပြည်သား ၉၂% ကိုလည်း 3G ကွန်ရက် ရရှိ သုံးစွဲ
နိုင်ဖို့ အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါပြီ။အခု ဆက်ပြီးတော့လဲ MPT အမှတ်တံဆိပ်
အထူးအရောင်းပြခန်းတွေကို ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဒီနှစ် မတ်လကုန်မတိုင်မီမှာ
MPT Branded Store ပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ်သွားပါမယ်။
သုံးစွဲသူတွေကို ကိုယ်တိုင်ကိုယ်ကျ ဝန်ဆောင်မှုတွေကို
အလွယ်တကူ ရယူနိုင်မယ့်နေရာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အသစ်ထပ်ဖွင့်လှစ်မယ့် အရောင်းပြခန်းတွေနဲ့
ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီသိဖို့ Facebook နဲ့ LINE က MPT တရား ဝင်စာမျက်နှာတွေမှာရော၊ MPT website မှာပါ ကြည့်ရှုပြီး မိမိနဲ့ အနီးဆုံး အရောင်းပြခန်းကို
ရှာဖွေနိုင်မှာ ဖြစ်ပါတယ် ´ ဟုပြောသည်။

ထို့နောက်
အမေးအဖေကဏ္ဍတွင် မိုးမခ မှ ကဒ်ပျောက်၊ ပျက်စီးများလာလုပ်လျှင် တွေ့ရသော ပွဲစားများအား
မည်ကဲ့သို့ ဖြေရှင်းမလဲဟု မေးမြန်းသောအခါ ` ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှင်းလင်းပါ့မယ်။
ဒါတွေဟာ ရှိသင့်တဲ့ဟာတွေ မဟုတ်ပါဘူး ´ ဟု မစ္စတာ ကိုအိချိ က ပြောပြခဲ့သည်။