ကဗျာ

စိုးနောင် (မုံရွာ) – ငြင်းဆန်ခြင်း

 စိုးနောင် (မုံရွာ) – ငြင်းဆန်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၆

ငါတို့ဟာ
ချိုးလိုကူဖူးခဲ့
ငါတို့ဟာ
ကျီးလိုအော်ဖူးခဲ့
ငါတို့ဟာ
ခိုလိုငြီးဖူးခဲ့
ငါတို့ဟာ
မျောက်ကဆင်းသက်လာသူတွေမဟုတ်
ငှက်ကဆင်းသက်လာသူတွေပါ ဒါဝင်
ပျောက်ဆုံးနေတဲ့ ချိုးဖြူငှက်ဟာ
အတောင်ညှပ်ခံထားရတဲ့ ပြည်သူဖြစ်ကြောင်း

သက်သေပြချက်ခိုင်ခိုင်မာမာနဲ့
ငါငြင်းတယ်။

စိုးနောင် (မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts