ကဗျာ

ချမ်းမြ – နေပြည်​​တော်

ချမ်းမြ – နေပြည်​​တော်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆

ပင်​နီ​တိုက်​ပုံတွေ မြို့​လေးကိုလာ​တော့
မြို့​လေးက အလိုက်​သိစွာ မိုးအုံ့​ပေးတယ်

လွှတ်​​တော်​ကို ပင်​နီ​တိုက်​ပုံ​တွေဝိုင်းတဲ့​နေ့က
ဆင်​ဖြူ​တော်​​တွေက မြူးပြီးကတယ်

ဒါ…..အတိတ်​​တွေ လား….?
ဒါ…..နမိတ်​​တွေလား…..?

ကဲ….အခု
ပင်နီ​တွေမြို့​လေးကို ဝိုင်းထားလိုက်​ပြီ
ခရိုနီအားလုံးငြိမ်……။     ။

{နေပြည်​​တော်​ စည်​ပင်​ဧည့်​ရိပ်​သာ
အ​ဆောင်​ ၃၁ / အခန်း ၀၈}

ချစ်​ခြင်းအားဖြင့်
ချမ်းမြ
၁ ရက်​ ၊ ​ဖေ​ဖော်​ဝါရီလ ၊  ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts