Khaing Aung Kyaw

ကျွန်တော်တို့ ကို အလောင်းပြန်ပေးပါ -ဦးခင်ညွန့်  – KHaing Aung Kyaw

ကျွန်တော်တို့ ကို အလောင်းပြန်ပေးပါ -ဦးခင်ညွန့် 
 ခိုင်အောင်ကျော် (နယူးယောက်) အောက်တိုဘာ ၁၈၊ ၂၀၁၃

လက်ရှိစစ်တပ်ကသာ ကြားနေမည်ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်ရေးအတွက် ဦးသန်းရွှေနဲ့  ဖြေရှင်းမည် ဆိုတဲ့  ဦးခင်ညွန့် ရဲ့  ဓါတ်ပုံနဲ့  သတင်းတစ်ပုဒ် တက်လာတာမြင်တယ် ။ http://aunglynnhtut.blogspot.com/2013/10/blog-post_16.html  မှန်တာပေါ့-ဟုတ်တာပေါ့- သမိုင်းအမှန် ပေါ်ပေါက်ရေးအတွက် တစ်ချိန်တုံးက လုပ်ဖေါ်ကိုင်ဖက်ဖြစ်ကြတဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့  ဒုတိယဗိုလ်ချုပ်မှူးကြီး ( ငြိမ်း ) -ဦးခင်ညွန့်  -တို့ က မျက်နာချင်းဆိုင် ဖြေရှင်းကြရမဲ့  အချက်တွေ အများကြီး ရှိကြမှာ ဆိုတော့ ကြားရတာ အားရစရာပါဘဲ ။ ကြိုဆိုပါတယ်  ။ ဒီစကားသာ တကယ်ပြောရင် ဦးခင်ညွန့် ကို တကယ်လေးစားပါတယ်လို့  ပိုးစိုးပက်စက် ထောက်ခံပြီး လက်ခုပ်လက်ဝါးတီးလို့  အားပေးဂုဏ်ပြု ပေးလိုက်ပါရစေ ။
      ၁၉၈၈-ခုနှစ် ဒီမိုကရေစီအရေးအခင်းကာလမှာ အပြစ်မဲ့ ပြည်သူတွေ သေသူသေ ကြေသူကြေနဲ့  နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့  တပ်မတော်ကို အာဏာသိမ်းခဲ့ တဲ့  ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ ခုတော့ ကျားနာတစ်ကောင်လို ဖြစ်နေပါပြီ ။ ဒါပေမဲ့  သူ့ ကို ခုလို သမိုင်းမှန် ဖြေရှင်းဖို့  စိန်ခေါ်လာပြီဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ က ၀မ်းသာအားရ ဂုဏ်ပြုပေးရမှာဖြစ်တယ် ။ ဂုဏ်လဲ ပြုပါတယ် ။ ဂုဏ်လဲ ယူပါတယ် ။
    ကျွန်တော်တို့ ဟာ တကယ့်စစ်မှန်တဲ့  ဒီမိုကရေစီကို မြတ်နိုးလို့  စစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့ တဲ့ သူတွေဖြစ်တယ် ။ ၁၉၉ရ-ခုနှစ် စောစောပိုင်းကာလမှာ အပြင်းအထန် ဖြစ်နေတဲ့  နိုင်ငံရေးတိုက်ပွဲတွေကြားမှာ ကျွန်တော်တို့ ဟာ န၀တ အစိုးရကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖြုတ်ချရမလဲ ဆိုတာ ကြံဆရင်း ကြိုးစားနေခဲ့ တယ် ။ အဲဒီတော့ ကျွန်တော့်ရဲ့  နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် ရခိုင်ပြည်နယ် ဂိုးသမားအကောင်းဆုံး ဆုရ ဦးစံကျော်နဲ့  ဦးဇင်းဇေယျသာမိတို့ နှစ်ဦးကို ဖမ်းဆီးမိသွားတယ် ။အခြားကျန်တဲ့  သူတွေကို ထောက်လှမ်းရေးစခမ်းမှာ ဖမ်းဆီးနှိပ်စက်ပြီး ထောင်ဒဏ် ( ၃ ) နှစ်စီ ကျခံစေခဲ့ တယ် ။ ဂိုးသမား ဦးစံကျော်နဲ့  ဦးဇေယျသာမိကိုတော့ ဖမ်းဆီးပြီး ဦးစံကျော်ရဲ့   မွေးရပ်မြေဇါတိဖြစ်တဲ့  ကျောက်တော်မြို့ နယ် ကို ခေါ်ဆောင်သွားတယ်  ။ ကျောက်တော်မြို့ နယ် နမာတာကျေးရွာမှာ  ဦးစံကျော်နဲ့  ဦးဇင်းဇေယျသာမိတို့  နှစ်ဦးကို ကျင်းတူးစေခိုင်းတယ် ။ အဲဒီကျင်းဟာ သူတို့ နှစ်ဦးကို သတ်ပြီး မြုပ်မဲ့ ကျင်းဖြစ်တယ် ။
     ဦးစံကျော်နဲ့  ဦးဇေယျသာမိတို့ ဟာ သူတို့ ကို ပစ်သတ်ပြီး မြုပ်မဲ့  သေတွင်းကို သိပါလျှက်ကယ်နဲ့  ကျင်းတူးနေခဲ့ ရတယ် ။ ဒီ့ နောက်မှာ သူတို့ နှစ်ဦးကို ရက်ရက်စက်စက်ပစ်သတ်ပြီး အလောင်းကို ကန်ချပြီး မြုပ်နှံပစ်လိုက်ကြတယ် ။ အပြစ်မဲ့  လူသားနှစ်ဦးဟာ စစ်အစိုးရရဲ့  ရက်စက်မှုကြောင့် လူမသိ သူမသိ သေဆုံးသွားရတယ် ။ မိသားစုနဲ့ ဝေးရာမှာ အလောင်းမြုပ်နှံခံရပြီး ခုအချိန်ထိ မိသားစုတွေဟာ အလောင်းကိုတောင် ဖေါ်ထုတ်ခွင့် မရဘဲဖြစ်နေတယ် ။  လူသတ်ပြီး အလောင်းဖျောက်သူများဟာ အစိုးရဘဲဖြစ်တယ် ။ အဲဒီအစိုးရရဲ့  ထောက်လှမ်းရေးဟာ ဒုတိယဗိုလ်ချုပ်မှူးကြီးခင်ညွန့် ရဲ့  လက်ပါးစေလူသတ်သမား အဖွဲ့ ဖြစ်တယ် ။
    အကောင်းဆုံး ဘောလုံးဂိုးသမား ဦးစံကျော်ဟာ တစ်ခေတ်မှာ တစ်ယောက်ထူးချွန်ခဲ့ တဲ့  လူချစ်လူခင် ပေါများတဲ့  လူတစ်ဦးဖြစ်တယ် ။ သူဟာ နိုင်ငံရေးသမားမို့  ဖမ်းဆီးခံရတယ် ။ စစ်တွေမြို့  အမှတ် ( ၁ ) ရဲစခမ်းက နယ်ထိမ်းတွေနဲ့  ထောက်လှမ်းရေး ( ၁၀ ) က လာရောက်ဖမ်းဆီးသွားတာဖြစ်တယ် ။ ဖမ်းဝရမ်းမပါဘဲ နေအိမ်ကို တက်ရောက်လာပြီး ဖမ်းဆီးယူဆောင်သွားတာဖြစ်တယ် ။ ဒီ့နောက်တော့  အခုလိုဘဲ တစ်ပါတ်အတွင်းမှာ ရက်ရက်စက်စက် ကိုယ့်ကျင်းကိုယ်တူးခဲ့ ရပြီး ပစ်သတ်ခံခဲ့ ရတယ် ။ သုံ့  ပန်းမဟုတ်ပါဘဲ ဖမ်းဆီးခံထားရသူ တစ်ဦးကို ခုလိုဘဲ ပစ်သတ်ဖို့  အစိုးရမှာ တာဝန်ရှိပါသလားဆိုတာ ကျွန်တော်တို့  ပြောရတော့မယ် ။
     န၀တ အစိုးရဟာ ကျွန်တော်တင်ပြနေသလို အခြားသောပြည်နယ်တွေမှာလဲ လူသတ်တာတွေ-မုဒိမ်းမှုတွေ -တစ်ပုံတစ်ခေါင်း ကျူးလွန်တာတွေ ရှိနေခဲ့ တယ် ။ ဒါတွေကို ကျွန်တော်တို့  အဆုံးသတ်စေချင်ခဲ့ တယ် ။ ခုတော့ န၀တအစိုးရလဲ မဟုတ်တော့ဘူးပေါ့ ။ ခေတ်က ပြောင်းလာခဲ့ ပြီ ။ မြန်မာနိုင်ငံမှာ ယူနီဖေါင်းတွေ ချွတ်ပြီး အရပ်သားအစိုးရအဖြစ် သမ္မတဦးသိန်းစိန်က ဦးဆောင်နေတဲ့  ခေတ်ပြောင်းအစိုးရဖြစ်နေပြီ ။ လွှတ်တော်တွေ ရှိလာနေပြီ  ။ ဒေါ်အောင်ဆန်းစုကြည်ကလဲဘဲ လွှတ်တော်ထဲ ရောက်သွားပြီ ။ ဒါ့ကြောင့်မို့ လို့  ပြည်ပမှာရှိတဲ့  အဖွဲ့ အစည်းတွေကလဲ ပြည်တွင်းကို တစ်ဖွဲဖွဲနဲ့  ၀င်ရောက်သွားကြပြီ ။ ၀င်ရောက်သွားသူတွေထဲမှာ ပူးပေါင်းသွားသူများရှိသလို မပူးပေါင်းဘဲ နေကြသူများလဲ ရှိနေကြပြီ ။ အဲဒါ့ကြောင့်မို့ လို့  ကျွန်တော်တို့  နိုင်ငံတကာမှာရှိတဲ့  အဖွဲ့ အစည်းတွေဟာဆိုရင်ဖြင့်  ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့် ပေါင်းအစိုးရကိုယ်တိုင် ဖျက်ဆီးခဲ့ ရပြီ ။ ကျန်တဲ့  အသေးအမွှားတွေ-ပါးပါးလေးတွေပါမကျန် အားလုံး ခရုဘုစု မချန် ဖျက်သိမ်းလိုက်ကြပြီးပြီ ။ ဒီတော့ မြန်မာသံရုံးတွေမှာ ဆန္ဒပြခြင်းအသံများဟာ ပျောက်ဆုံးသွားရပါပြီ ။
    မြန်မာနိုင်ငံအစိုးရဟာ အဲဒီလို ဆန္ဒပြခြင်းကို မခံစားရတဲ့ အတွက် နိုင်ငံတကာမှာ မင်္ဂလာရှိစွာနဲ့  သွားသွားလာလာနဲ့  ရှိနေသွားပြီ ဆိုတာ ကျွန်တော်တို့ မြင်နေရတယ် ။ အတိုက်အခံခေါင်းဆောင်တောင် လွှတ်တော်ထဲ ရောက်သွားပြီ ဆိုတော့လဲ ပြည်ပက အတိုက်အခံသမားတွေကလဲဘဲ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကရောလို့  ပြည်ပမှာနေကြတဲ့  လူအချင်းချင်း ပြောဆိုနေကြပါပြီ ။ အဲဒီတော့ မြန်မာနိုင်ငံအစိုးရဟာ စစ်မှန်တဲ့  ဒီမိုကရေစီခြေလှမ်းကို ရှေ့ဆက်ချီတက်ပါတော့ရယ်လို့  ကျွန်တော်တို့ က ဆုတောင်းပေးရုံဘဲ ရှိတော့တယ် ။ 

ခုအချိန်ထိတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေနဲ့  ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနေတာတွေကို ကြည့်ရမြင်ရတာ အားရစရာ ကောင်းလှပါတယ်လို့  ပြောရမှာဖြစ်တယ် ။ ဒါပေမဲ့  တစ်နေရာမှာ စာချုပ်ချုပ်ဆို-တစ်နေရာမှာ လက်ချင်းလိမ်ကောက် အရက်သောက်ပြပြီး တိုက်ပွဲတွေ ဖြစ်နေတာကိုတော့ မြင်နေရပြန်သေးတယ် ဆိုရင်လဲ ကောင်းသောမြင်ကွင်း မဟုတ်လို့  ဝေဖန်ပြောဆိုရမှာဖြစ်တယ် ။ မငြိမ်းချမ်းသေးဘူးလို့  ပြောရမှာဖြစ်တယ် ။
  ခုတော့လဲ လွပ်လွပ်လာတဲ့  အသီးပွင့်အရ နိုင်ငံရေးအကျဉ်းသားတွေဟာ လွပ်လွပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ ရရှိလာတာဖြစ်တယ် ။  ဒီမိုကရေစီမှာကလဲ လွပ်လွပ်စွာ ရေးသားခွင့်-လွပ်လပ်စွာ ထုတ်ဖေါ်ခွင့်-လွပ်လပ်စွာ စုရုံးခွင့် ဆိုတာတွေက ရှိနေပြန်တော့လဲ မြန်မာနိုင်ငံအစိုးရဟာ ခုတော့ ပြောခွင့် ဆိုခွင့် ရေးသားခွင့်တွေ ပြုလုပ်ပေးနေတာမြင်ရတယ် ။ တစ်ချိန်တည်းမှာဘဲ ခုလို န၀တခေတ်က ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် ဟာ ၀န်ကြီးချုပ်ဘ၀နဲ့  အာဏာသိမ်းခံခဲ့ ရပြီး နှစ်ပေါင်း-၄၀- နေအိမ်အကျဉ်းချခံခဲ့ရာက နေပြီး တော့ လွပ်မြောက်လာခဲ့ ပြီဖြစ်တယ် ။ ဘုးရားတကာ ကျောင်းတကာအဖြစ် ခံယူရင်း ဘာသာရေးလုပ်ငန်းတွေကိုလဲ ကုသိုယ်ယူရင်း ဆောင်ရွက်နေတာ တွေ့ မြင်နေရပြီဖြစ်တယ် ။ 

    ဒီကနေ့ မှာတော့ လက်ရှိအစိုးရကသာ ကြားနေမယ်ဆိုရင် သမိုင်းမှန် ပေါ်ပေါက်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့  မျက်နာချင်းဆိုင် ဖြေရှင်း ပြောဆိုသွားမယ်ဆိုတဲ့  စကားကို ကြားလာရတယ် ။ ဒါ့ကြောင့်မို့ လို့  ကျွန်တော်ကလဲဘဲ ကျွန်တော့်ရဲ့  နိုင်ငံရေးမိတ်ဆွေဖြစ်တဲ့  ရခိုင်ပြည်နယ် ဘောလုံး( ဂိုး ) သမားအကောင်းဆုံး-ဆု-ရရှိခဲ့ တဲ့  ဦးစံကျော်နဲ့  ဦးဇင်းဇေယျသာမိရဲ့   အလောင်းကို ပြန်ပေးပါလို့  ဦးခင်ညွန့်ကို တောင်းဆိုရတော့မယ်ဖြစ်တယ် ။ သူဟာ ကျွန်တော့်အတွက် ကာယကံရှင် တာဝန်ရှိ  လူသတ်သမားတွေရဲ့  အကြီးအကဲ ဖြစ်တယ် ။ မိသားစုတွေကိုတောင် အလောင်း မပေးလို့ ခုအချိန်ထိ မိသားစုတွေခမြာ ဗုဒ္ဒဘာသာ ထုံးစံအရ သရဏံဂုဏ် မတင်ရသေးဘဲ ဆွမ်းသွပ်အမျှဝေခြင်းကို မပြုလုပ်ရဘဲ ဖြစ်နေတယ် ။ 

ဘုရားတကာ ရဟန်းတကာ ဦးခင်ညွန့် ဟာ ကျွန်တော့်ရဲ့  မိတ်ဆွေ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးစံကျော်နဲ့  ဦးဇေယျသာမိတို့  အလောင်းကို ချက်ချင်း ပြန်ဖေါ်ထုတ်ပေးရမယ်လို့  ပြောချင်တယ် ။  ဘာဖြစ်လို့ လဲ ဆိုတော့ လူသတ်သမားဖြစ်တဲ့  ထောက်လှမ်းရေး ( ၁၀ ) အဖွဲ့ ဟာ န၀တ အစိုးရရဲ့  လူသတ်လိုင်စင်ကို အဲဒီခေတ်က ရရှိထားခဲ့ လို့ ဘဲ ဖြစ်တယ် ။ ဒီလို ဖမ်းဆီးခံထားရသူကို ရက်ရက်စက်စက်သတ်ဖြတ် သူများကို ကျွန်တော်တို့ ဟာ ၀မ်းနည်းစွာနဲ့  ပြူးတူးပြူးတဲ ကြည့်နေရမယ် ဆိုရင် ဒါဟာဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေပါတယ် ဆိုတဲ့  ဒီကနေ့  အခြေအနေမှာ မဖြစ်သေးဘူးထင်တယ် ။ ကျွန်တော်တို့ ရင်ဘတ်ထဲမှာ အမာရွတ်တွေ ရှိနေဆဲ ဆိုတာဟာ ဒါပါဘဲလို့  ကျွန်တော်တို့ က ထုတ်ဖေါ်ပြောဆိုတာ မှားပါ့မလား ။ ကျွန်တော်တို့ ကို အလောင်းပြန်ပေးပါလို့  ပြောပါရစေ- ဦးခင်ညွန့် -ပြီးမှ ဦးသန်းရွှေနဲ့  သွားရှင်းပါလေ ။

ခိုင်အောင်ကျော် ( နယူးယောက် ) 
(Photo – Ko San Kyaw’s)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts