(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၆
ဟိုတုန်းက သူမကို သူမလို့
သုံးနှုန်းခွင့်မရှိဘူး။
သူမဟာ တိုင်းပြည်အတွက်တော့
အပျိုကြီးဖားဖား တစ်ယောက်ဖြစ်တယ်။
သူမဟာ စစ်ကျွန်သဘောက်ကို
ပြက်ရယ်ပြုသူလည်းဖြစ်ခဲ့
အလှတရားနဲ့ ပန်းတွေပျိုးလို့ …
ပျိုးခဲ့ပန်းတွေက စွင့်ကားလို့
ကြွေလည်း မွှေး … ဝေလည်း မွှေးပေါ့
သူမဟာ ဆရာမ ဖြစ်ခဲ့။
သူမမှာ
အရိပ်သုံးပါးနားလည်တဲ့
လူထုကြီးရှိတယ်
သူမဟာ အဲဒီလူထုကြီးရှေ့မှာ
ရပ်လို့။
တခါတခါမှာ
လူထုကြီးကို စကားထွက်ပြောလို့
တော်လ်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး
ကိုယ့်သွေးအမျိုးအစားနဲ့ ကိုယ်
သမိုင်းသွေး စိုနေဖို့အကြောင်း …
သူမဟာ
သိက္ခာနဲ့ အမှန်တရား တပ်မှူးကြီရဲ့
သမီးလည်းဖြစ်ခဲ့။
စစ် အာဏာစက်အောက်မှ
ပိုက်ပိုက်ပွေ့ပွေ့ပြန်ရလိုက်တဲ့
သူမဟာ
ရှင်မီးအင်္ကျီလေးနဲ့
ဘိုးသိုးပတ်သီ ပြေးလွှားနေတဲ့
ကလေးငယ် တစ်ယောက်လို
လွတ်မြောက်ခဲ့
သူမဟာ
ပြောင်းလဲခဲ့။
မြို့ပြရဲ့
အခြေခံ အလတ်နဲ့ အောက်လွှာများ
ကျေးလက် မလောက်င သူတို့
ထမ်းပိုးခဲ့ …
ပျော်ရွှင်ခဲ့ကြပေါ့။
သူမဟာ
ရယ်ကာမောကာနဲ့ သားရဲတွင်းများရှိရာကို
သွားလို့
ဗျူဟာမြောက် ထိုးခွဲ
သူတို့ကို ကျေနပ်စေတော့ရဲ့
နွေ ပန်းချီကားတစ်ချပ်လို
ခြောက်သွေ့ နေရီလား
ဝေဒနာကို ထိုးဆွတဲ့ နရီလား …
မကျက်သေးခဲ့ အနာနဲ့
ဒရွတ်ဆွဲ ဘဝများ
ဆာလောင်မှုတွေသာ တိုးခဲ့။
ခုတော့ သူမဟာ
ကြီးကောင်ကြီးမား ကိုယ်ဝန်ကြီးကို လွယ်လို့
သူမဟာ…။ ။
အောင်ကျော်သွင်