ကဗျာ ဆောင်းလူ

ဆောင်းလူ – ကဲန်င်းဗတ်စ်တစ်စရဲ့ အလှ

ဆောင်းလူ – ကဲန်င်းဗတ်စ်တစ်စရဲ့ အလှ

(မိုးမခ) ဇန်န၀ါရီ ၊ ၂၀၁၆

 

တစက် …
နှစ်စက် …
ကျကျလာတဲ့ ဆေးစ
ထင်ရာ မြင်ရာကိုမှ
ဒဏ်ရာ အနာတရနဲ့ ရုပ်လုံးကြွပြရ …။

စုတ်ချက်တွေ ရမ်း …
ဆေးစက်တွေ ကြမ်း …
ဒီကိုယ်ခန္ဓာ ခပ်ကြမ်းကြမ်းပေါ်မှာ
သူတလူ ငါတမင်း
ဟိုတစက် … သည်တချက်
မျက်နှာအသေတွေနဲ့
မွေနှောက်အစွမ်းပြကြ …။

ဖွာလန် စုတ်ပွ
အနားမလှတော့တဲ့ ကိုယ်ခန္ဓာနဲ့
ဝပ်တွား ခယ
အသနားခံ လူးလွန့်ပြ
မသိလိုက် မသိဘာသာတွေများတဲ့
တလမ်းသွား မြို့တော်ပေါ်မှာ
အကျအန လွှင့်မျှောကျ
ဒဏ်ရာ အနာတရနဲ့ ဘ၀ …။

အခုတော့ ဘာထူးလဲ
ဟိုတစက် …
သည်တစ်စက်နဲ့ …. ပေလန်ရှုပ်ပွ
တို့တိုင်းပြည်ဘ၀ကလည်း
အစွန်းအထင်းတွေများတဲ့ ကဲန်င်းဗတ်စ်တစ်စလိုပဲ ….။

ဆောင်းလူ (မေ ၂၁၊ ၂၀၁၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts