ကဗျာ မင်းညွှန့်လှိုင်

မ င်း ညွှ န့် လှို င် – ဇာ တ် လို က်

မ င်း ညွှ န့် လှို င် – ဇာ တ် လို က်
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆

ဘယ်သူတွေ
တယောထိုးချင်လို့လဲ ။

မီးသတ်ကားတွေ
အရူးမီးဝိုင်း ။

အမှိုက်လေ အမှိုက်
လက်ပတ်နဲ့
လက်မှတ်နဲ့ ။

အမှိုက်လေ အမှိုက်
ပြဿဒ်လောင်မယ့်အမှိုက်
ရွှေဖြစ်ငွေဖြစ်အမှိုက် ။

အမှိုက်လေ အမှိုက်
ကောက်မယ့်လက်နဲ့
တောက်မယ့်မီးနဲ့ ။

အမှိုက်လေ အမှိုက်
ပင့်လေစီးလို့
လင်ပျောက်ရှာလို့
ပြုံးတငွေ့ငွေ့
လေကိုရေးလို့ ။      ။

မင်းညွန့်လှိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts