စာအုပ်စင်

မြန်မာအမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူ လိုက်စမ်းပါ နှင့် အခြားဆောင်းပါးများ စာအုပ် ထွက်ရှိ

မြန်မာအမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူ လိုက်စမ်းပါ နှင့် အခြားဆောင်းပါးများ စာအုပ် ထွက်ရှိ
(SK ရှန်လိန်း) မိုးမခစာအုပ်စင်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၆

စာရေးဆရာ ၊သတင်းထောက် တင်မောင်ဦး (အလုံ)၏ မြန်မာအမျိုးသမီး ဖြစ်ရတာ ဂုဏ်ယူ လိုက်စမ်းပါနှင့် အခြားဆောင်းပါးများ စာအုပ် ထွက်ရှိလာသည်။ ကြေးမုံ၊ မြဝတီ၊ မြို့တော်၊ ဒီမိုကရေစီတူဒေး စသော သတင်းစာများ၌ ဖေါ်ပြခဲ့သော ဆောင်းပါး ၂၇ -ပုဒ်ကို စုစည်းထားခြင်းဖြစ်သည်။

ကမ္ဘာတွင် မြန်မာတို့ စတင် ကစားသော ဂုဏ်ယူစရာ ခြင်းခတ်ကစားနည်း ဆောင်းပါး၊ မြန်မာ့သုခုမ အနုပညာ၊ မြန်မာ့ဆိုင်း ဆောင်းပါး စသော ဆောင်းပါးတို့လို မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ တင်ပြချက်များလည်း ပါဝင်သည်။

အဖိုး၏ခြေရာနင်းသော အာဇာနည်ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါး၊ ဆဌသံဃာယနာ မဟာဓမ္မသဘင်၊ ပထမဆုံး သံဃနာယက ဆရာတော် ညောင်ရမ်းဆရာတော် ဆောင်းပါး၊ မြန်မာဘုရင်များလက်ထက်က ထူးချွန်ထင်ရှားသော ဆရာတော်ကြီး ဦးဗုဒ် ဆောင်းပါးတို့လို ၊ ထူးခြားပုဂ္ဂိုလ်ဆိုင်ရာ တင်ပြချက်များလည်း ပါဝင်သည်။

ရွှေတိဂုံကုန်းတော်ပေါ်ရှိ ထူးခြားသော ၉-ဌာနဆောင်းပါး၊ မြန်မာလူမျိုးတိုင်း ပါဝင် ကုသိုလ်ယူသင့်သော ဓမ္မစကူးလ် ဖေါင်ဒေးရှင်း ဆောင်းပါးတို့လို ဘာသာရေးဆိုင်ရာ တင်ပြချက်များလည်း ပါဝင်သည်။

လူသားအားလုံး ကျန်းမာရေး ၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပေးဆောင်းပါး၊ စုပေါင်း တိုက်ဖျက် အေအိုင်ဒီအက်စ် ဆောင်းပါးတို့လို ကျန်းမာရေးဆိုင်ရာ တင်ပြချက်များလည်း ပါဝင်သည်။

စည်းကမ်းရှိမှ တိုးတက်မည်ဆောင်းပါး၊ ကမ္ဘာလောကကြီး သာယာဖို့ သစ်ပင်စိုက်ပျိုးစို့ ဆောင်းပါးတို့လို
လူမှုပြုပြင်ရေးဆိုင်ရာ တင်ပြချက်များ လည်း ပါဝင်သည်။

သုဒန္တစာပေ၊ အမှတ် ၃၁ ၊ ၆-လွှာ၊ နှင်းဆီကုန်းလမ်း၊ အလုံ၊ ရန်ကုန်က ထုတ်ဝေသည်။ ဦးအောင်ကျော်ထူး၊ (မှတ်ပုံတင် ၁၂၇၀၂) မြတ်ပန်းရဂုံ ပုံနှိပ်တိုက်၊ အမှတ် ၁၇၊ ရန်ပြေ ၁၀-လမ်း၊ ၃-ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်က အဖုံးနှင့် အတွင်းစာသားများကို ပုံနှိပ်သည်။ ၂၀၁၆ ဇန်နဝါရီလတွင် ပထမအကြိမ် ထုတ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts