စာစုတို

လင်းသက်ငြိမ် – ကျောင်းဖွင့်​ချိန်

လင်းသက်ငြိမ် – ကျောင်းဖွင့်​ချိန်

(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆

ဆရာမနဲ့ မ​တွေ့​အောင်​​ရှောင်​​နေမိတယ်​။ သူငယ်​ချင်း​တွေနဲ့ မ​တွေ့​အောင်​​ရှောင်​​နေမိတယ်​။ ချို့တဲ့​သောမိသားစုမှာ အဖြူ နဲ့အစိမ်းကို ကျွန်​တော်​​ဘယ်​လိုဝတ်​ဆင်​ရက်​မှာတဲ့လဲ။ ညီ​လေးနဲ့ ညီမ​လေးသည် ကျောင်းစိမ်းဝတ်​စုံကလေး​တွေကိုယ်​စီနဲ့ လှပ​နေကြသည်​။ ငါ့သားရယ်​​ကျောင်းဆက်​တက်​ပါလို့​ပြောတဲ့ အ​မေ့မျက်​နှာက ဖုံးဖိထားတဲ့ အပူအပင်​​တွေကို ကျွန်​​တော် သိ​နေခဲ့ပါတယ်​။ ကုန်​တင်​ကုန်​ချလုပ်​သားအ​ဖေ့ရဲ့ဝင်​​ငွေဟာ ကျွန်​​တော်​တို့အိမ်​​ထောင်​စုအတွက်​ မ​ပြေလည်​နိုင်​မှန်းလည်း ကျွန်​​တော်​သိခဲ့တာကြာပါပြီ။

သောက်​​ရေအိုးဖိုး ​ပေးဖို့ဘယ်​သူ​ကျန်​​သေးလဲဟု​မေးလာတဲ့ ဆရာမရဲ့မျက်​လုံး​တွေက ကျွန်​​တော့်​ဆီအ​ရောက်​မှာ သက်​ပြင်း တစ်​ခုဖြစ်​သွားတယ်​။ တံမြက်​စည်းဖိုးထည့်​ဖို့ ဘယ်​သူကျန်​​သေးလဲလို့​မေးလိုက်​တာနဲ့ စာသင်​ခန်းထဲက ​ကျောင်းသူ​၊​ ကျောင်း သား​တွေရဲ့အကြည့်​​တွေက ကျွန်​​တော့်​ဆီ​ကျောက်​ချထားပြီးသားဖြစ်​၏။ သိမ်​ငယ်​ရ​သော​နေ့ရက်​​တွေကို ကျွန်​​တော်​ရင်​မဆိုင်​လို​တော့ပါ။ အ​ဖေနဲ့အ​မေရဲ့ ဝန်​ထုပ်​ဝန်​ပိုးအဖြစ်​ကို ကျွန်​​တော်​မရယူလို​တော့ပါ။

အိမ်​​ ဘေးနားက ပန်းရံဆရာတစ်​​ယောက်​ဆီအကူအညီ​တောင်းပြီး ပန်းရံလုပ်​ဖို့​ပြောထားခဲ့ပြီး အ​မေ့ကိုဖွင့်​​ပြော​တော့ ဝမ်း နည်း​နေတဲ့အ​မေ့မျက်​နှာမှာ စိတ်​​ပေါ့ပါးသွားတဲ့အရိပ်​အ​ယောင်​ကို ကျွန်​​တော်​မြင်​​တွေ့ခဲ့ရ​တော့ ကျွန်​​တော်​အခန်းထဲဝင်​ပြီး ငိုခဲ့ရတယ်​။ ကျွန်​​တော့်​​ကျောင်းဝတ်​စုံကို ညီ​လေးကို​ပေးလိုက်​​တော့ သူ့ခမျာ​ပျော်​​နေရှာတယ်​။ ညီမ​လေးက​တော့အစ်​ကိုကြီး က​ ဘာလို့​ကျောင်းမတက်​တာလဲလို့​မေးတယ်​။ ကိုကြီးပျင်းလို့ပါ ညီမ​လေးရယ်​ အလုပ်​လုပ်​ရတာ​ပျော်​စရာ​ကောင်းတယ်​တဲ့… မျက်​ရည်​​စကို သူမမြင်​​အောင်​သိမ်းရင်း​ဖြေခဲ့တယ်​။

အ​ဖေက​တော့စိတ်​မ​ကောင်းလို့ထင်​ပါရဲ့။ တစ်​နေ့လုံး ​စကားမ​ပြော​တော့ဘူး။ တကယ်​တမ်းကျ အ​ဖေလည်း ​လေးတန်း အထိပဲ​ကျောင်း​နေခဲ့ရတဲ့သူပဲ​လေ။ ကျွန်​​တော်​တို့မိသားစုမှာ အ​မေပဲရှစ်​တန်းအထိ​နေခဲ့ဖူးတယ်​​လေ။ ​ယောက်ျား​လေးဟာ​ရေးတတ်​ဖတ်​တတ်​ရင်​ပြီးတာပဲဆိုတဲ့အ​တွေးဟာ အ​ဖေ့အ​ဖေဆီကအ​ဖေရခဲ့တဲ့အ​မွေလည်းဖြစ်​မယ်​ထင်​ပါရဲ့။ အ​ဖေ့ရဲ့မိဘ​တွေက ​တောင်​သူ​တွေဆိုတော့ လယ်​လုပ်​နိုင်​မှ ဘဝအတွက်​အာမခံချက်​ရမယ်​ထင်​တဲ့သူ​တွေ​ပေါ့။ ကျွန်​​တော့်​လွယ်​အိတ်​က
 လေးကို ညီ​လေးအရပ်​နဲ့​တော်​​အောင်​အ​မေက အပ်​နဲ့ချုပ်​​ပေး​နေတယ်​။ မနက်​ဖြန်​ဆိုသူတို့​တွေ ကျောင်းသွားရ​တော့မယ်​​လေ။ ကျွန်​​တော်​က​တော့ သံဒယ်​အိုး​တွေ၊​ ပေါက်​ပြား​တွေ၊​ ဂေါ်ပြား​တွေနဲ့ သဲပုံကြီး​တွေဆီ၊ အုတ်​နီခဲ​တွေဆီကိုသွားရ​ပေလိမ့် မယ်​။

မနက်​ခင်းရဲ့နေ​ရောင်​ခြည်​ ဟာ ဒီ​နေ့မှ ပိုပူသလိုပဲလို့ က​လေးအ​တွေးနဲ့ ကျွန်​​တော်​​တွေးမိတယ်​။ လမ်းမကြီးတစ်​ခုရဲ့ဘေးမှာ ပန်းရံအလုပ်​သမားများ​ရောက်​ရှိ​နေကြ​ပေါ့။ သဲ​တွေကို​ဂေါ်ပြားနဲ့​ကော်​ပြီး ဒယ်​အိုး​တွေထဲ ကျွန်​​တော်​ထည့်​ရတယ်​။ ပန်းရံ သမများက ဦး​ခေါင်းနဲ့ရွက်​ရင်းသယ်​ကြ​ပေါ့။ သဲပုံကြီးဟာ အကြီးကြီးပါပဲ။ အုတ်​ပုံကြီးဟာအမြင့်​ကြီးပါပဲ။ ဦးထုပ်​​အောက်​က​ချွေးများစီးကျလို့​ ဂေါ်ပြားကိုင်​လက်​များ နီရဲကျိန်းစပ်​လို့။

လမ်း​ပေါ်မှာ အဖြူနဲ့အစိမ်းများ။ လမ်း​ပေါ်မှာလွယ်​အိတ်​များ။ လမ်း​ပေါ်မှာ ​ပျော်​ရွှင်​မြူးတူးခြင်းများ။ စက်​ဘီးများရဲ့ဘဲလ်​သံမှာ ကျွန်​​တော်​နာကျင်​ရတယ်​။ အဖြူအစိမ်း​တွေကိုကြည့်​ရင်း ကျွန်​​တော်​မျက်​ရည်​ဝဲရတယ်​။ ကျွန်​​တော့်​သူငယ်​ချင်း​တွေ ကျွန်​​တော့်​မမြင်​ကြဘူး။ ကျွန်​​တော့်​ဆရာမ ကျွန်​​တော့်​ကိုမမှတ်​မိဘူး။ အခုအချိန်​ဆို ကျွန်​​တော်​ဟာ စာသင်​ခန်းထဲမှာ သူငယ်​ချင်း​တွေနဲ့​ နွေရာသီ​ကျောင်းပိတ်ရက်​တွေအကြောင်း ပြန်​​ပြောရင်း​ပျော်​​နေရမှာ​ပေါ့။

ဟဲ့ သဲထည့်​​လေ ဘာ​ငေး​နေတာလဲ။ သဲသယ်​တဲ့အစ်​မကြီးတစ်​​ယောက်​ရဲ့ လှမ်း​အော်​သံက ကျွန်​​တော့်​ကိုလက်​ရှိဘဝထဲပြန်​ဆွဲ​ခေါ်လိုက်​တယ်​။ ဟုတ်​ ဘာမှမ​ငေးပါဘူး အစ်​မလို့ ပြန်​​ဖြေရင်း​ ဂေါ်ပြားနဲ့ မပြည့်​တပြည့်​သဲ​တွေကို သူ့ဒယ်​အိုးထဲထည့်​​ပေးလိုက်​​တော့ သူက​ခေါင်း​ပေါ်တင်​ပြီး ရွက်​သယ်​သွား​တော့တယ်​။ သူသယ်​သွားတဲ့သဲ​တွေမှာ ကျွန်​​တော့်​မျက်​ရည်​​တွေပါ သွားတာ သူသတိမထားမိတာ​ သေချာပါတယ်​။     ။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts