သတင်းဆောင်းပါး လောကဓာတ်ခန်း

သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၄) Stock exchange



သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ (၄) Stock exchange

(မိုးမခ) ဇန်န၀ါရီ ၉ ၊ ၂၀၁၆
မိမိ ရှယ်ယာဝယ်ယူလိုတဲ့ ကုမ္ပဏီကိုအကဲဖြတ်လေ့လာခြင်းကို ဒီဆောင်းပါးနဲ့ အဆုံးသတ်ကြရအောင်စို့။
ရှယ်ယာဝယ်ဖို့ ဒီလောက်တောင် အကဲဖြတ်ဖို့လိုသလားကွာ ဆိုပြီးမေးမယ်ဆို မေးလောက်ပါတယ်။

မိမိဝယ်ယူရင်းနှီးမြှုပ်နှံမယ့်ရှယ်ယာ အမြတ်သေချာဖို့ ဒီလောက်တော့ စိတ်ရှည်ရမှပေါ့။

လက်ကျန်ရှင်းတမ်းနဲ့ အရှုံးအမြတ်ရှင်းတမ်းက အချိုးတွေ အပြင် နောက်ထပ်မံလေ့လာရမယ့် အချိုးတွေလည်းရှိပါသေးတယ်။ပထမအချိုးက အမြတ်ဝေစု ထုတ်ပေးအချိုး (Pay out ratio)ပါ။

ကုမ္ပဏီတွေဟာ သူတို့ရဲ့အမြတ် ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းကို အမြတ်ဝေစုအဖြစ် ငွေသားနဲ့ထုတ်ပေးတတ်ကြတယ်။ အဲ့ဒီလို ငွေသားနဲ့ထုတ်ပေးလိုက်တဲ့ အမြတ်ဝေစုနဲ့  အသားတင်အမြတ်ထဲက ဦးစားစတော့ရှယ်ယာအမြတ်ကိုနှုတ်ပြီး ကျန်ငွေနဲ့အချိုးချတာပါ။

Pay out ratio = (Ordinary shares dividend) / (Net profit – Preferred dividend)

Payout ratio ၁၀%ရှိတဲ့ကုမ္ပဏီဟာ တက်သစ်စ ကုမ္ပဏီဖြစ်နိုင်တယ်။ Pay out ratio ၅၀%အထက်ရှိတဲ့ကုမ္ပဏီကတော့ အောင်မြင်နေတဲ့ကုမ္ပဏီလို့ သတ်မှတ်နိုင်တယ်။ဒုတိယအချိုးတစ်ခုက လက်ငင်း အထွက်နှုန်း(Current yield)ပါ။

တွက်နည်းက နှစ်စဉ် အမြတ်ဝေစုပေးတဲ့နှုန်းကို ရှယ်ယာတစ်စောင်ရဲ့ဈေးကွက်ပေါက်ဈေးနဲ့ စားပြီး ရာခိုင်နှုန်းဖွဲ့ တာပါ။

Current Yield = (Annual Dividend  ÷ Market Price) X 100

ဒီအချိုးကကုမ္ပဏီတစ်ခုတိုးတက်ဖို့ အလားအလာကောင်းတွေရှိသလားဆိုတဲ့ ရှေ့ရေးအကဲဖြတ်တဲ့နေရာမှာ အသုံးပြုတယ်။ အထွက်နှုန်းနည်းရင် ဒီကုမ္ပဏီဟာ သူတို့ရဲ့ဝင်ငွေကို သူတို့ရဲ့လုပ်ငန်းမှာပဲ ပြန်လည်မြှုပ်နှံလေ့ရှိတယ်ဆိုတဲ့ သဘောပေါ့။အရေးကြီးတဲ့နောက် တတိယ အချိုးတစ်ခုကတော့ ဈေးနှုန်းမြှောက်ကိန်း P/E ratio (Price- earning ratio ) လို့ခေါ်တယ်။P/E ratio များတဲ့ကုမ္ပဏီတွေက အလားအလာကောင်းရှိတတ်ကြပြီး အလားအလာမကောင်းတဲ့ကုမ္ပဏီတွေက P/E ratio နည်းတယ်။

Price – Earning Ratio =  market price per share  ÷ Earning per Share

စတုတ္ထအချိုးကတော့ ကုမ္ပဏီရဲ့စီမံခန့်ခွဲမှု့စွမ်းရည်ကိုတိုင်းတာနိုင်တဲ့ ပိုင်ဆိုင်ခွင့်အပေါ်ပြန်ရတဲ့နှုန်းထား (Return on equity) ပါ ROE များရင် စီမံခန့်ခွဲမှု့ပြည့်ဝတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။Return on equity = ( net profit ÷ shareholder’s equity) ×100

ဒီလောက်ဆိုရင် မိမိဝယ်ယူလိုတဲ့ရှယ်ယာကုမ္ပဏီကို အကဲဖြတ်တာ လုံလောက်ပါပြီ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts