ကဗျာ

အေအမ်တီ – ရိုးပြတ်မွေးနေ့


အေအမ်တီ – ရိုးပြတ်မွေးနေ့
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၆

ခြုံစောင်ပါးပါး
ဆောင်းညထူထူ
ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတာ
ရေဒီယိုလေးက ယုံတယ်
ဒုက္ခသည်စခန်းက မယုံဘူး
ညားခါစ ငါ့သူငယ်ချင်းစုံတွဲက ပိုမယုံဘူး ….

“သောမတ်စ် ဖရိုက်မင်း” ရဲ့အပြောအရ
ကမ္ဘာပြားပြီတဲ့
မြန်မာ့အရေးမှာ
ကမ္ဘာကြီးမကျော်နိုင်ခဲ့တဲ့တောင်တွေက
အမျိုးသားအကျိုးစီးပွားကိုပြောကြရဲ့ ….

ပြောကြသလို
ကမ္ဘာကြီးက ရွာကြီးတရွာလား
ဒါဆို ….
ဒုက္ခသည်စခန်းဆုံးရင် ရွာတွေ့မယ်ထင်ပ …..

အားနာနေတယ် ကမ္ဘာလောက
ဂိုးပေါက်ကသိပ်ကျယ်နေတော့
လောကဓံရဲ့ သွင်းဂိုးတိုင်း မလှမပ  ….

နွေသုံးဆယ်
မိုးသုံးဆယ်
စိုက်ထူလိုသမျှကပဲ
တွင်းဝင်မဖြောင့်ခဲ့သလား
ဆောင်းညမွန်းတည့်ကြီးကပဲ
စောင်းရွဲ့နေရော့သလား
အနှစ် (၃၀) ပြည့် မြစ်ကျဉ်းတနေရာမှာ
ငါ့အရိုးအိုး မျောလို့နေရဲ့……..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts