ကဗျာ အောင်ဝေး

ခက်ဦး – နာရီဆိုင်

ခက်ဦး – နာရီဆိုင် 

(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆

မိုးမလင်းသေးဘူး
စက္ကန့်တွေက ဂုတ်ခွစီးထားပြီ

ရေးကြီးသုတ်ပျာ မနက်စာတွေ
ပျာရီးပျာယာ နေ့လည်စာတွေနဲ့
ရေနဲ့ မျှောမျှောချနေရ
ညစာတွေ ကြား

အသပြာနဲ့ အချိန်နဲ့ လုပ်အားနဲ့
လုပ်အားနဲ့ အချိန်နဲ့ အသပြာနဲ့
မွှန်ထူ မူးမိုက်နေအောင်
တဝဲဝဲရယ်မှ တချာချာ
သွက်သွက်ကို လည်တော့တယ်

တနေ့တနေ့
မတွေးဖြစ်ဆုံးက ကိုယ့်နာမည်
အရွတ်ဆိုဖြစ်ဆုံးက ကိုယ့်အကြောင်း
အဲ့လိုနဲ့ပါပဲ …
အချိန်တန်လာပြန်တော့
ငါးသေတ္တာ ဝပ်ကျင်းလေးထဲ
အံဝင်ခွင်ကျ
ကိုယ့်ကိုယ်ကိုနေရာချ

မသိရသေးတဲ့
အဓိပ္ပါယ်မှာ အခါခါ
နာရီ ချင့်တွက်
မျက်စိအကြိမ်ကြိမ်
ပြန်ပြန် မှိတ်ရ
တော့တာပဲ ။

(ခက်ဦး)
၂ . ၁ . ၂၀၁၆

www.dalipaintings.net Melting Watch, 1954 by Salvador Dali

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts